UEFA European Club Football Season Kick-Off 2019/2020 - UEL Draw

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ယူရိုပါလိဂ် နောက်ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် ကြာသပတေးနေ့ နှင့် ကြာသပတေး ၂၃ ရက်တို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အနိုင်ရသူများအတွက် ၁၆ သင်းအဆင့် မဲခွဲမှုကို ဖေဖော်ဝါရီ ၂၄ ရက်၌ ပြုလုပ်မည်ဖြစ်သည်။

ပွဲစတင်ချိန်များအပါအဝင် နောက်ထပ်ပွဲစဉ်နှစ်ခုအတွက် အဓိကအသေးစိတ်အချက်အလက်များကို အချိန်မီ အတည်ပြုပေးပါမည်။

မန်ယူ အသင်းသည် ယခင်က ဘာစီလိုနာအသင်းအား ၁၃ ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ဖိုင်နယ် ၃ ကြိမ်ဖြစ်သည့် ၁၉၉၁ ဖလား Winners’ Cup တွင် ဆာအဲလက်စ်ဖာဂူဆန်၏ အသင်းနှင့် ရင်ခဲ့ရပြီး ဖလားဆွတ်ခူးနိုင်မှု၊ နှင့် ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များတွင် ချန်ပီယံလိဂ်ဖလားများ ဆွတ်ခူးခဲ့ နှစ်များ တွင်လည်း ရင်ဆိုင်ခဲ့ဖူးသည်။

ယခုအချိန်အထိ မန်ချက်စတာတွင် တွေ့ဆုံမှု (၅) ကြိမ်တွင် ဘရိုင်ယန်ရော့ဘ်ဆင် ၏လူဆားဝင်ရောက် ကာအနိုင်သော (၁၉၈၄) ခုနှစ် မတ်လ သည်းထိတ်ရင်ဖိုဖွယ်ဥရောပညများလည်းပါရှိသည်။ 2008 ခုနှစ် ဧပြီလ ချန်ပယံလိဂ် ရှုံးထွက်ပထမ အကြော့ပွဲ တွင် ရင်သပ်ရှုမောဖွယ်ကောင်းသော ပေါလ်စခိုးလ်၏ သွင်းဂိုးဖြင့် နိုင်ခဲ့သည်။

စုစုပေါင်းစံချိန်ကတော့ မန်ယူကို ၃ ပွဲနိုင်၊ ဘာစီလိုနာကို ၆ ပွဲနိုင်၊ လေးပွဲသရေ။

PLAY-OFFS စာရင်းအပြည့်စုံမှာ

Barcelona v Manchester United
Juventus v Nantes
Sporting v Midtjylland
Shakhtar Donetsk v Stade Rennais
Ajax v Union Berlin
Bayer Leverkusen v AS Monaco
Sevilla v PSV Eindhoven
FC Salzburg v Roma

အုပ်စုအဆင့်တွင် ပထမနေရာမှ ပြီးဆုံးသွားသော

ကလပ်ရှစ်သင်းဖြစ်သည့် အာဆင်နယ်၊ Fenerbahce၊ Real Betis၊ Union St.Gilloise၊ Real Sociedad၊ Feyenoord၊ Freiburg နှင့် Ferencvaros တို့ဖြစ်သည်။

ယူနိုက်တက်အတွက် အဆုံးစွန်ရည်မှန်းချက်ကတော့ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့မှာ Budapest ရှိ Puskas Arena မှာ ဖိုင်နယ်ကို တက်လှမ်းပြီး ၂၀၁၇ ခုနှစ် စတော့ဟုမ်းမှာ ချန်ပီယံဖြစ်ခဲ့ဖူးပြီး ကျွန်တော်တို့ သမိုင်းမှာ ဒုတိယအကြိမ် ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ပါ။

Credit To: MANUTD.COM by Matthew Holt

Leave a Comment

Your email address will not be published. Required fields are marked *