KywatNoe

မနာမကျင်ပဲ (၅) ရက် အတွင်း လုံးဝပျောက်တဲ့ ကြွက်နို့သတ်တဲ့ဆေး

မနာမကျင်ပဲ (၅) ရက် အတွင်း လုံးဝပျောက်တဲ့ ကြွက်နို့သတ်တဲ့ဆေး

ဒီဆေးနည်းလေးကတော့ကျွန်မ မျက်မြင်ဆေးနည်းလေးဖြစ်တာကြောင့် မျှဝေပေးလိုက်ပါတယ်။
ကျွန်မမောင်လေး ခြေထောက်မှာကြွက်နို့ပေါက်တာ သုံးလုံးထိ ဖြစ်လာပါရဲ့။ ဆေးနည်းတွေစမ်းကြည့်ပေမဲ့မပျောက်ပါဘူး။မုံထူး ကျေးရွာက ကိုညိုမောင်ပြောပြတဲ့ဆေးနည်းနဲ့သုံးရက်ပဲကြာ ပါတယ် ကြွက်နို့ လုံးဝပျောက်သွားပါတယ်။
ကိုယ်တိုင်ကြွက်နို့ ပေါက်တဲ့မောင်လေး က စိတ်ရှည်ရှည်နဲ့လိမ်းနည်းအဆင့်ဆင့် အပြင် ခြံထဲကဧကရာဇ်အပင် အမြစ်တို့ကိုပါ ဓာတ်ပုံရိုက်ပေး လို့ သေသေချာချာတင်ပေးလိုက်ပါတယ်။ သူ့ခြေထောက်မှာ ကြွက်နို့ကအမာရွတ်လောက်ပဲထင်ကျန်ခဲ့ပါတော့တယ်။

ဆန် အနည်းငယ်ယူပါ.. ရေ အနည်းငယ်ဖြင့်ဖျော်ပါ (မည်သည့်ဆန်မဆို) ဧကရာဇ်အဖြစ်ကိုယူပြီး ဆန်ဆေးရည်အနည်းငယ်ဖြင့်ခပ်ပျစ်ပျစ်သွေးလိမ်းပါ(အနာကိုသွေးထွက်အောင်ကုတ်ဖဲ့စရာလုံးဝမလိုပါ)သနပ်ခါးလိမ်းသလို ခပ်ပျစ်ပျစ်လေးလိမ်းထားပါ။ဆေးခြောက်အောင်ထားပါ။ခြေထောက်ရေမစိုပါစေနှင့်အဝတ်စည်းထားရန်မလိုပါ။တစ်နေ့ (3) ကြိမ် နံနက် နေ့လည် ည လိမ်းပေးပါ။
မှတ်ချက် မောင်လေးကတော့အလုပ်မအားလို့ တနေ့ ၂ ကြိမ် နံနက်၊ည သာလိမ်းပါသည်။ ၅ ရက်လောက်နေလျှင်လုံးဝပျောက်ကင်းသွားပါမည်။

ဆေးလိမ်းနည်းအဆင့်ဆင့်ကို ပုံများတွင်လည်းရှင်းပြထားပါသည်။ မုံထူးကျေးရွာမှ ကိုညိုမောင်နှင့်မောင်ကျော်ကြီးအားအထူးကျေးဇူးတင်ပါကြောင်း။ ကြွက်နို့တွေပွားပြီးသတ်မရလို့စိတ်ညစ်နေသူများအတွက်လက်တွေ့ဆေးနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။မည်သူမဆို စိတ်ချမ်းသာစွာ ကူးယူခြင်း မျှဝေခြင်းများပြုလုပ်နိုင်ပါတယ်။

Credit – မူရင်းရေးသားသူ

Leave a Comment

Your email address will not be published.

//moksoxos.com/4/5314809