ThaKhutPin

ဘီပိုး စီပိုး အသည်းသမားများအတွက် အစွမ်းထက်တဲ့ သခွပ်ပင် သခွပ်ပွင့်

ဘီပိုး စီပိုး အသည်းသမားများအတွက် အစွမ်းထက်တဲ့ သခွပ်ပင် သခွပ်ပွင့်

သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီး ကိုယ်တိုင်အံ့အားသင့်လို့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ခံလိုက်ရသော မြန်မာတို့၏ သခွတ်ပင် သာဖြစ်ပါသည် ။သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ို့ ယူပါ။
အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့လည်း သောက်သုံးလို့ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ရအောင် နေဖန့်ဖန့်ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။

ဆေးရည်ကျိုနည်း – ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ကို ရေနဲ့ သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ကို သုံးကြိမ်( သို့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည်။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည်။
အရွက်ခြောက်နဲ့ အပွင့်ခြောက်အနည်းငယ်ကိုလည်းလက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလိုလက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။

Leave a Comment

Your email address will not be published.

//whairtoa.com/4/5314809