BoneLoneTee

ဗုံလုံသီးကို ပဲလင်းမြွေသီး၊ပဲတောင့်ရှည်ဆိုပြီးတဒေသနဲ့တဒေသအခေါ်အဝေါ်ကွဲပြားပါတယ်

ဗုံလုံသီးကို ပဲလင်းမြွေသီး၊ပဲတောင့်ရှည်ဆိုပြီးတဒေသနဲ့တဒေသအခေါ်အဝေါ်ကွဲပြားပါတယ်။

ဗုံလုံသီးဟာ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တရုတ်နဲ့ မလေးရှားအပါအဝင် တောင်အာရှ နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး အာရှဒေသတွင်းနိုင်ငံအများစုမှာ
ဟင်းလျာတစ်ခွက်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိကြပါတယ်။

ဗုံလုံသီးကိုစားပေးခြင်းဖြင့်

  • ဆီးချိုကာကွယ်နိုင်တယ်။ ဆီးချိုရှိသူတွေစားသုံးပေးလို့ရသလို ဆီးချိုကာကွယ်လိုသူတွေလည်း စားသုံးပေးလို့ရပါတယ်
  • အသားဝါ သက်သာစေနိုင်တယ်။ ဗုံလုံသီးပင်ရဲ့ အရွက်ကို ဒန့်သလွန်ရွက်နဲ့ တွဲစားပေးမယ်ဆိုရင် bilirubin လို့ခေါ်တဲ့ (သွေးတွင်းအဝါဓာတ်) ကိုကျဆင်းစေနိုင်ပြီး အသားဝါတာကို သက်သာစေနိုင်ပါတယ်
  • ကိုယ်အလေးချိန်ကျစေတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာရှိနေတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပါ ဆီးရွှင်စေနိုင်ပြီး ဆီးကနေတဆင့် ဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ
  • အသည်းရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းစေနိုင်ပါတယ်
  • နှလုံးကိုကျန်းမာစေနိုင်တယ်
  • ဝမ်းမှန်စေနိုင်တယ်
  • အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေတယ်
  • ဗောက်ပျောက်စေတယ်။ ဗုံလုံသီးကို အရည်ညှစ်ပြီး ဦးရေပြားမှာ လိမ်းပေးလို့ နာရီဝက်၊ တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင်ခေါင်းလျှော်ချလိုက်ပါ။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဗောက်ပြဿနာကင်းစေမှာပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။

ခံတွင်းပျက်ပြီးစားသောက်ချိန်စိတ်ပျက်ပါက အောက်ပါအတိုင်းချက်စားနိုင်သည်။
ဟင်းချက်ဖို့ လို အပ်တာတွေကတော့
-ဗုံလုံသီး ၁တောင့် (အနေတော်လှီးဖြတ်ပြီး အထဲက အူတိုင်တွေ အစေ့တွေ ဖယ်ထုတ်ထားပါ)
-ဝက်သား ၂၀သား (နုတ်နုတ်စင်း ဒါမှမဟုတ် ကြိတ်စက်နဲ့ ကြိတ်ပြီး ဆား ဆနွင်း အရသာနယ် နှပ်ထားပါ)
-ကြက်သွန်နီ အနည်းငယ်
-ကြက်သွန်ဖြူ အနည်းငယ်
-ငရုတ်သီး အပုမှုန့် အနည်းငယ်
-ဆီ ၅ကျပ်သားခန့် လိုအပ်ပါတယ်။

ပထမအဆုံး ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန့်ကို ညက်နေအောင် ထောင်းထားပါ။ အသားကြိတ်ထားတာကို အသီးထဲ အစာသွပ်ပါ။ အရမ်းအပြည့်ကြီး မထည့်ရပါဘူး။ ချက်တဲ့အခါ ကွဲထွက်သွားတတ်ပါတယ်။ အိုးထဲကို ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူနီ နဲ့ ငရုတ် အပုမှုန့်ကို ညက်နေအောင်ထောင်းထားတာကို ဆီသတ်ပါ။ ဆီသတ်ထားတာ မွှေးလာရင်တော့ အစာသွပ်ထားတဲ့ အသီးကို ထည့်ပါ။ ဆီနဲ့ပဲ အသီးအိ ပြီး အရသာဝင်သွားအောင် အဖုံးအုပ်ပြီး အရင် ချက်ပါ။ အရသာ အတွက် ဆားအနည်းငယ်ထည့်ပေးပါ။
၅မိနစ်လောက် ချက်ပြီး အသီးက ဆီလေးအိပြီး နွမ်းသွားပြီဆိုမှ ရေမြှုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့ ချက်ပါ။ အိုးမကပ်အောင် ဂရုစိုက်ပါ။ ရေခမ်းပြီး ဆီပြန်လာပြီ ဆိုရင်တော့ ဗုံလုံသီး အစာသွပ်ဟင်းလေး ရရှိပါသည်။

credit: မူရင်းရေးသားသူ

Leave a Comment

Your email address will not be published. Required fields are marked *