ပါးစပ်တွင်းအနာများပျောက်ပြီး သွေးတိုး ဆီးချိုသက်သာစေတဲ့ မန်ကျည်းရွက်၏ အံ့ဖွယ်များ
မန်ကျည်းရွက်လေးတွေက စားလို့တင် ကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအာနိသင်ထူးတွေလည်း ရှိနေပါသေးတယ်။
ဆီးချိုသက်သာစေနိုင်တယ် – မန်ကျည်းရွက်က သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ပမာဏကို တိုးလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။
နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှုးတွေ ရောင်ရမ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ငှက်ဖျားသက်သာစေနိုင်တယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က ငှက်ဖျားရောဂါပိုးကို ကာကွယ် ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ခံတွင်းအနာကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်ပြုတ်ရည်က ခံတွင်းအနာတွေကိုသိသိသာသာ သက်သာစေနိုင်ပါတယ်။
နို့ထွက်ကောင်းစေတယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်လုပ်ဆောင်ပေးပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ် – လေဒီတွေခံစားရတဲ့ လစဉ်တိုင်းနာကျင်ကိုက်ခဲမှု ဝေဒနာသက်သာစေဖို့အတွက် မန်ကျည်းရွက်နဲ့ မန်ကျည်းပင်အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။
ခံတွင်းကျန်းမာရေးအတွက် ကောင်းတယ် – ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့်ခံတွင်းအနံ့ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွားကိုက် သွားနာတာအတွက်လည်း မန်ကျည်းရွက်ကို အသုံးပြုလို့ရပါတယ်။
သွေးတိုးသက်သာစေနိုင်တယ် – ယနေ့ခေတ်ရဲ့ လူနေမှုပုံစံက အလွယ်တကူ သွေးတိုးဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာက ကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွေးတိုးကျအောင် လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါနဲ့ အခြားသောရောဂါ အမျိုးမျိုးကို ကာကွယ်ရာ ရောက်မှာပါ။
ဒါတွေတင် မကသေးပါဘူး။ မန်ကျည်းရွက်က အသည်းရောဂါတွေကို သက်သာစေနိုင်သလို အသည်းရောင်အသားဝါရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဝေဒနာတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။
Credit: HelloSayarWon