KhweLayarHti

ပန်းသေ၊ ပန်းညှိုး၊ အာရုံကြောအားနည်း၊ စိတ်မရွှင်လန်း၊ အိပ်မက်သုတ်လွတ်၊သုတ်လွတ်မြန်ရောဂါများအတွက် ဆေးနည်း

ပန်းသေ၊ ပန်းညှိုး၊ အာရုံကြောအားနည်း၊ စိတ်မရွှင်လန်း၊ အိပ်မက်သုတ်လွတ်၊သုတ်လွတ်မြန်ရောဂါများအတွက် ဆေးနည်း

ဆေးနည်း(၁)

ဖီးကြမ်းငှက်ပျောသီးကို နှမ်းဆီနဲ့ ကြော်စားပါ။ တစ်ခါစားရင် ၂လုံး၊ တစ်ရက်ကို၂ကြိမ်၊  စားနိုင်ပါတယ်။ တစ်ပတ်တိတိ စားပေးပါက အားနည်းနေတဲ့ အာရုံကြောများ အားတိုးလာစေမည်။

ဆေးနည်း(၂)

ခွေးလှေးယားသီးနက်စေ့ကို နွားနို့နဲ့ပြုတ်၊ ထောပတ်နဲ့ပြန်လှော်၊ အမှုန့်ပြုလုပ်၊ သဘာ၀ပျားရည်စစ်စစ်နဲ့ မန်ကျည်းစေ့ခန့် ဆေးလုံးလေးများ လုံးထားပြီး အချောက်ခံထား၊ လေလုံတဲ့ဗူးထဲထည့်ထားပြီး ညတိုင်း ၃လုံးစီ သောက်ပါ။

ဆေးနည်း(၃)

ဖီးကြမ်း၊ ကြက်ဥ၊ ပျားရည်တို့ကို ရောနှယ်ပြီး စားပေးပါ။ နွားနို့ ပူပူလေးကိုလည်း တစ်နေ့တစ်ခွက် သောက်ပေးပါ။ ပန်းသေ၊ ပန်းညှိုး၊ အာရုံကြောအားနည်း၊ စိတ်မရွှင်လန်း၊ အိပ်မက်သုတ်လွတ်၊ သုတ်လွတ်မြန်ရောဂါများ ပျောက်ကင်းစေပါတယ်။ ဆေးလိပ်၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးများ ရှောင်ပါ။ ကျားဟော်မုန်းဓါတ်ကို ခမ်းခြောက်စေမယ့် လက်တော့ပ်၊ လက်ကိုင်ဖုန်းတို့ရဲ့ အပူငွေ့ကို ခန္ဓာကိုယ်နဲ့ ဝေးအောင် ထားပါ။ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကို အတတ်နိုင်ဆုံး ရှောင်ပါ။ အိမ်ထောင်ရေးသုခ ပြည့်ဝကြပါစေ

Credit

Leave a Comment

Your email address will not be published. Required fields are marked *