PanNarPanTay

ပန်းသေရောဂါ၊ မြုံနေသောအမျိုးသမီးများကာမဆန္ဒအားနည်းခြင်းမှအစ အိပ်မပျော်သူ အစာအိမ်၊လေရောဂါအဆုံး ကညွတ်ဥကိုသုံး

ပန်းသေရောဂါ၊ မြုံနေသောအမျိုးသမီးများကာမဆန္ဒအားနည်းခြင်းမှအစ အိပ်မပျော်သူ အစာအိမ်၊လေရောဂါအဆုံး ကညွတ်ဥကိုသုံး

ကညွတ်ဥ(ရှဥ့်မတက်ဥ)

အမျိုးသမီးများ သားသမီးမထွန်းကာ မြုံနေပါကကညွတ်ဥကို ပရန္နဝါနှင့်တွဲဖက်၍ကြော်စားပါ။
အမျိုးသားများ ပန်းသေရောဂါအတွက်၊ကညွတ်ဥ သတ္တုရည်တစ်ခွက်နှင့်ဖန်ခါးသီးတွဲဖက်စားသုံးပေးပါက ပျောက်ကင်းချမ်းသာမည်။
သွေးအန်ရောဂါအတွက် ကညွတ်ဥကိုဆီးဖြူသီးနှင့်ရောစားပေးပါ။
ဝမ်းကိုက်ရောဂါ ဖြစ်နေလျင် ကညွတ်ဥကိုငရုတ်ကောင်းနှင့်တွဲဖက်စားသုံးပေးပါ။
အစာအိမ်ရောဂါ အတွက် ကညွတ်ဥကိုထောပတ် သကြားနှင့်ကြော်စားပါ။
အမျိုးသမီးများ ဓမ္မတာ မမှန်ထိန်ကျန်နေပါကကညွတ်ဥသတ္တရည်ကို သကြားနှင့်ဖျော်သောက်ပါ။
အိမ်ထောင်ရှင်အမျိုးသား အမျိုးသမီးများကာမဆန္ဒ အားနည်းပါက ကညွတ်ဥကို နှမ်းဆီနှင့်ကြော်စားပါ။
ကညွတ်ဥကိုဗောက်မြစ်နှင့်တွဲဖက်၍ကြော် ချက်စားပါက မေထုန်သတ္တိအားနည်းခြင်းကိုပယ်ဖျောက်၏။
ဆီးရောဂါအတွက် ကညွတ်ဥကို မြင်းခွာရွက်နှင့် ရောစပ်၍ကြော်စားပါ။
လေပျက်စီးခြင်းကြောင့် ခန္ဓာကိုယ်ကွေးကောက်သော ရောဂါ၊ဇက်ခိုင်သောရောဂါ အတွက်ကညွတ်ဥကို ချင်း သတ္တုရည်၊နို့၊ ဆားအနည်းငယ်ရောစပ်သောက်ပါ။
သွေးအားကောင်းစေရန် ကညွတ်ဥကိုပုစွန်နှင့်ကြော်စားပါ။
စားကောင်းအိပ်ပျော်ကျန်းမာဝဖြိုးစေရန်ကညွတ်ဥကို ငါး၊အသားဖြင့်ကြော်ချက်စားပါ။
ကညွတ်ဥကိုနွားနို့နှင့် သောက်ပါက အသက်ရှည်စေသည်။
ကညွတ်ဥကိုအခြောက်လှန်းအမှုန့်ပြု၍ပျားရည်နှင့်တေပြီး ပြောင်းစေ့ခန့်လုံးထား ကာလုံခြုံသောပုလင်းတွင်ထည့် သိမ်းထားပါ။
အိပ်မပျော်ပါက နှစ်လုံး၊မှ သုံးလုံးသောက်ဧကန်အိပ်ပျော်၏။ ထို့အပြင် အင်အားနည်းသူများလည်း အားအင်ပြည့်ဖြိုး
ခွန်အားဗလတိုးစေပါသည်။

သမားတော်ကြီး ဦးသောင်းရွှေ

Leave a Comment

Your email address will not be published. Required fields are marked *