ပန်းနာရင်ကျပ်သမားများအတွက် ကရင်ဆေးဆရာကြီးတစ်ဦး၏ လက်တွေ့ပျောက်တဲ့ ဆေးနည်း
ဤဆေးနည်းမှာ ကရင်ဆေးဆရာတစ်ဦးထံမှ ရှိသောဆေးနည်းဖြစ်၏။ အကြောင်းမသိလျှင် ရယ်စရာဖြစ်သော်လည်းသုံးစွဲရာ၌မူကား တကယ်စွမ်းသောဆေးနည်းဖြစ်ပေသည်။
ချိန်ခွင်အလွယ်တကူမရှိသောအရပ်ဒေသများတွင်ဖော်စပ်သောဆေးဖြစ်သဖြင့်အချိန်အတွယ်ကားအတိအကျမပါပေ။ သို့သော် ခန့်မှန်း၍အညီအမျှချိန်ယူနိုင်ပါသည်။(မှတ်ချက်= ချိန်ခွင်ရှိရာအရပ်၌ဖြစ်မူကား အညီအမျှချိန်တွယ်ယူ၍ဖော်စပ်နိုင်ပါသည် )အနည်းငယ်မျှ အပိုအလိုရှိသော်လည်း ရပါသည် အရေးကြီးလှသည်မဟုတ်ပါပေ။
ဆေးဖော်ရန်မှာ – ကြက်သွန်နီ ဥ ကြီးကြီး ၅ ဥ။ ပုဇွန်ထုပ်အကြီး ၅ ထုပ်။ ထန်းလျှက်ခဲအကြီး ၅ ခဲ။ တို့လိုအပ်ပါသည်။
ချက်နည်းမှာ – ကြက်သွန်နီဥနှင့် ပုဇွန်ထုပ် တို့ကို သန့်ရှင်းအောင်ပြုပြင်ဆေးကြောပြီး နုပ်နုပ်စဉ်းရပါမည်။ အိုးတစ်လုံးတွင်ထန်းလျှက်ကိုထည့်၍ကျိုပြီးအရည်ဖြစ်လျှင်ကြက်သွန်နှင့်ပုဇွန်စဉ်းပြီးသားကိုထည့်၍မွှေရပါမည်။ ဆားအနည်းငယ် သင်ရုံထည့်ပါ။မတူးမခြစ်ရအောင် မီးနွေးနွေးဖြင့်မွှေပါ ။ပုဇွန်ကျက်လောက်သောအချိန်တွင်ချ၍ အအေးခံထားပါ။
ဆေးစားနည်းမှာ – ဆေးစားမည့်ဝေဒနာရှင်အား ဆေးကျွေးမည့်နေ့တွင်အစာမကျွေးပဲထားပြီး အထက်ပါဆေးတစ်အိုးချက်ကို တစ်ထိုင်တည်းနှင့် ကုန်အောင်စားစေရပါမည်။
အကယ်၍ တစ်ထိုင်ထဲနှင့် ကုန်အောင်မစားနိုင်ခဲ့သော် အခြားအစားအစာ မကျွေးပဲ ထိုဆေးကိုသာ နား၍ နား၍ ကုန်အောင်စားစေရပါမည် ရေနွေးကြမ်းနှင်လည်းသောက်နိုင်ပါသည်။နှစ်ပေါင်းများစွာစွဲကပ်လာခဲ့သော ပန်းနာရင်ကျပ်ရောဂါကြီးများဒိဋ္ဌပျောက်ပါသည် အော့အန်ခြင်း ဝမ်းသွားခြင်းအလျင်းမရှိပါ ။အန်ချင်သလိုလို ဝမ်းသွားချင်သလိုလိုတော့ဖြစ်တတ်ပါသည်။
အသက် ၆၀ ကျော် အဘိုးကြီးတစ်ဥိးနှင့် အဘွားကြီးတစ်ဦးတို့အား စာရေးသူ ကိုယ်တိုင်ကျွေးဖူးရာ အဘိုးကြီးကကောက်ညှင်ပေါက်းနှင့် ကျွဲနို့ကို မစားခဲ့ရတာ နှစ်ပေါင်းကြာပြီ ယခုမှပဲ အားရပါးရစားနိုင်တော့သည် ဟုပြောပါသည်။ အဘွားကြီးက မူကား ရင်ကျပ်ချိန်မှာ ကျပ်မလာတော့လည်း ရင်ထဲကလေတွေ တက်လိုက်ဆင်းလိုက် ဖြစ်နေတယ် ဟု ပြောပါသည်။
ကရင်ဆေးဟူ၍အထင်သေး၍မရ။ နည်းပေးသော ကရင်ဆေးဆရာကြီးအား များစွာပင်ကျေးဇူးတင်မိပါသည်။ ထန်လျှက်ခဲ နှင့် ပုဇွန် ကြက်သွန်တို့မှာ မဆီမဆိုင်ဖြစ်သောကြောင့် စာရေးသူကိုယ်တိုင်ပင်ဆေးနည်းကိုရခါစက မယုံကြည်ခဲ့ပေ။ ကိုယ်တိုင်ကုသပေး၍ ပျောက်ကင်းသည်ကို တွေ့သောအခါမှသာ ယုံကြည်မိပါတော့သည်။ ယုံကြည်သည့်အလျောက် မိဘပြည်သူများ ပန်းနာရင်ရင်ကျပ်အတွက် စိတ်မညစ်ရလေအောင် လျင်မြန်စွာ သုံးစွဲကြည့်ပါဟု တိုက်တွန်းရင်း ..။
လေးစားစွာဖြင့် – ဆရာဦးသိန်းလွင်(အစိုးရဆေးခန်းမှုးဟောင်း)
Credit – Dr.မင်းမင်းထက်သာ