နှလုံးသွေးကြောကျဉ်းရောဂါအတွက်လက်တွေ့ဆေးပင်
ပြီးခဲ့သောအပတ်က တိုက်ကြီးမြို့မှ အသက် ( ၅၉) နှစ်ရှိပြီဖြစ်သော ဦးတင်ဦးမှ ဖုန်းဆက်လာပါသည်။
ဦးတင်ဦး။ ။ ဆရာစိုင်းမင်းသန့်လား ခင်ဗျာ
ကျွန်ုပ်မှ။ ။ ဟုတ်ကဲ့ ပြောပါ ခင်ဗျာ
ဦးတင်ဦး။ ။ ဆရာတင်ထားတဲ့ ဆေးပင် အကြောင်းလေးပြောပြပြီး ကိုယ်တွေ့ဆေးနည်းလေး မျှဝေချင်ပါသည်ဟု ပြောပါသည်
ကျွန်ုပ်။ ။ ဟုတ်ကဲ့ ဘယ်ဆေးပင်လည်း ခင်ဗျာ
ဦးတင်ဦး။ ။ ထိနံပင်ပါ
ကျွန်ုပ်။ ။ ဟုတ်ပါတယ် တစ်ကျောင်းတစ်ဂါထာ ဆိုသလိုပါပဲ ဆေးပင်ကို အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါတယ် ကျွန်တော်သိသလောက်ကတော့ တိုင်းရင်းဆေးသုတေသနအဖွဲ့ကြီးက ( တောကြောင်ပန်းပင်) လို့ခေါ်ဝေါ်သတ်မှတ်တယ်လို့ ဖတ်ဖူးပါတယ်။ နေရာဒေသအလိုက် ပြည့်စုံပင်။ ထိနံပင်။ ဇီဝကပင်။
တောင်လုံးကျော်ပင်။ ကင်ဆာဆေးပင်။ လို့အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ ဆေးစွမ်းထက်မှုကတော့ မြစ်ခြင်းပြီး ဆေးပင်ပါ ခင်ဗျာ။
ဦးတင်ဦးမှ။ ။ ဟုတ်ပါတယ် အခုပြောပြမှာက ကျွန်တော့် နှလုံးသွေးကြောကျဉ်းရောဂါ ကိုယ့်တွေ့ သက်သာပျောက်ကင်းခဲ့လို့ ဝမ်းသာအားရနဲ့ ဆရာစိုင်းမင်းသန့် တိုင်းရင်းဆေး နည်းတွေ ပြန်လည်မျှဝေနေတာတွေ့ရတဲ့ အတွက် အများအကျိုးရှိအောင် အတွက် ကုသိုလ်ဖြစ် ပြောပြမှာပါ
ကျွန်ုပ်။ ။ ဟုတ်ကဲ့ ခင်ဗျာ ကျေးဇူး အထူးတင်ပါတယ်
ဦးတင်ဦးမှ။ ။ ပြီးခဲ့တဲ့နှစ်က ရင်ဘတ်ကအောင့်တာ ညမအိပ်ရဘူး ဝေဒနာခံစားရတာ အတော်ဆိုးဝါးပါတယ် အဲ့ဒါနဲ့ ရန်ကုန်မြို့မှ အာရှတော်ဝင်ဆေးခန်းမှာ ဆေးစစ်ခံယူပြီး သိရတာက နှလုံးသွေးကြောကျဉ်းရောဂါပါတဲ့ နှလုံးအထူးကု သမားတော်ပေးတဲ့ ဆေးတွေသောက်ပြီးသက်သာသွားပါတယ်။
ဒီနှစ်ထဲမှာ နှလုံးကပြန်အောင့်ပါတယ် ပြန်အောင့်တဲ့အခါ ညမအိပ်နိုင်အောင်ပါပဲ မိတ်ဆွေတစ်ယောက်က ထိနံပင်အရွက်ကို စားကြည့်ပါ အဲ့ဒီအပင်က ကင်ဆာပါ ပျောက်ကင်းတယ်လို့ အကြံပေးပါတယ်။
ဆေးရုံသွားဖို့က ကိုဗစ်ကပ်ရောဂါနဲ့အခက်အခဲဖြစ်နေချိန်မို့ ထိနံပင် ဆေးရွက်ငါးရွက်ကို ရေဆေးပြီး ဝါးစားလိုက်တယ် ဝါးစားပြီးရေတစ်ခွက်သောက်ချလိုက်တယ် ဆေးပင်က အာဂဆေးစွမ်းပဲ မကြာဘူး ရင်ဘတ်အောင့်တာ သက်သာတယ်။
နံနက်ပိုင်း အိပ်ယာထကို ဆေးရွက် ငါးရွက်ကိုရေဆေးပြီးဝါးစားတယ် ပြီးတော့ရေအဝသောက်ပါတယ် နှလုံးအောင့်ခြင့်ပြုခြင်း လုံးဝမရှိတော့ပါဘူး။ ရင်ဘတ်အောင့်ပြီဆိုရင် ဆေးရွက်ငါးရွက်ကို ရေဆေးပြီး ဝါးစားတယ် ပြီးရင်ရေ တစ်ခွက်သောက်လိုက်တယ်။
အာရှတော်ဝင်ဆေးရုံမှာပြသပြီး(၂)ခါလောက် နှလုံးရောဂါ ပြန်ဖြစ်ပါတယ်။ ဖြစ်ပြီဆိုရင် ထိနံပင်ဆေးရွက်ကိုစားတာပါပဲဗျာ ငါးရက်လောက် စားပြီး ယခုဆို လယ်ထဲကိုဆင်းနိုင်ပြီး ကိုယ်တိုင်မြေပေါက်ခြင်းစတဲ့ အလုပ်ကြမ်းတွေပြန်လုပ်နိုင်ပါတယ်။
ဦးတင်ဦးဇနီးမှ သူက အနီးအနားက သူများကျန်းမာရေးမကောင်းတာ ထိခိုက်ဒဏ်ယာရတာဆိုရင် မနေဘူး ကိုယ်တိုင် ဆေးရုံဆေးခန်းလိုက်ပို့ပေးတယ် အဲ့ဒီလိုကူညီစိတ်ရင်းအား ဇနီးသည်ကိုယ်တိုင်မှလည်း ကျန်းမာရေး အခက်အခဲရှိနေသူကို ဦးတင်ဦးအား ပါရမီဖြည့်ပြီး မိမိဆွဲကြိုးကိုဖြုတ်ပေါင်ပေး၍ ကူညီပါကြောင်း ပြောပြပါသည်။
ဆေးနည်းအားပြောပြပေးလာသော ဦးတင်ဦးနှင့် ဇနီးအား အထူးကျေးဇူးတင်ရှိပါသည်။
ဦးတင်ဦး (တိုက်ကြီးမြို့)
Ph… 09 250 792 213
ဆေးပင်အစွမ်းများ
သွေးတိုးဆီးချိုသမားများလည်း အရွက်ကို ဝါးစားပြီးရေသောက်ပေးပါက သွေးတိုး ဆီးချိုပါ ကျပါတယ်။
လမ်းထဲမှ ဆီးချိုသွေးတိုးရောဂါ ဖြစ်နေသော အဒေါ်ကြီးတစ်ဦး အပင်မှ အရွက်ကို လာတောင်းခူးသဖြင့် မေးမြန်းဖူး၍ သိရသည်မှာ သူသွေးတိုး ဆီးချိုဖြစ်သည်နှင့် ယခုဆေးပင်ကို ခူးစားလျှင် ဆီးချိုသွေးတိုး ကျပါကြောင်း ဝမ်းမြောက်စွာ ပြောပြဖူးပါသည်။
ဆက်လက်ပြီး ဆေးပင်၏အစွမ်းနှင့် အမျိုးသမီးများရောဂါ။ သားအိမ်ရေအိတ်။ ရင်သားအကြိတ် သားအိမ်အဖုအလုံးရောဂါ။ အသည်းကင်ဆာ။ ဂရင်ဂျီနာ။ ရောဂါများအားပျောက်ကင်းခဲ့သော ယခုဆေးပင်းအကြောင်းများအား ပုံများကိုဖိပြီးဖတ်ရှု့ပေးကြပါ ခင်ဗျာ။
မှတ်ချက်
ဆေးဝိဇ္ဇာအပင်ကိုရန်ကုန်မှာအလေ့ကျပေါက်ပါတယ်။ အပင်လိုချင်ရင်အကိုင်းချိုးစိုက်အပင်ရှင်ပါသည်။
လိုချင် ရင်ဖုန်းဆက်ပါ ၀၉၂၅၀၄၉၂၉၄၅
ခရက်ဒစ်။ ။ U Aye Win