နှလုံးသွေးကြောကျဉ်းနှင့်ပန်းနာရင်ကျပ်အတွက်ဆေး
တစ်နေ့ ခင်မင်ရင်းနှီးနေသော အမတစ်ယောက်မှ
မောင်လေးစိုင်းမင်းသန့်မင်းကတိုင်းရင်းဆေးနည်းတွေ တင်နေတာမို့ အမတို့မိသားစု လက်တွေ့ဆေးနည်းလေးပြောပြပါ့မယ်။ ဟုတ်ကဲ့ခင်ဗျ အများအတွက်အကျိုးရှိတာပေါ့အမ ကုသိုလ်ရတာမို့ ပြောပြပါခင်ဗျာ။
အမရဲ့ အဖေက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နေတာပါ၊ အမက ပန်းနာရင်ကျပ်ရောဂါဖြစ်တယ်။ အာ့နဲ့ “ပင်စိမ်းပင်နဲ့ရောဂါ(40)” ဖတ်မိပြီး ပင်စိမ်းပင် ကလည်း အရံသင့်ရှိတာနဲ့ လက်တွေ့ဆေးအဖြစ်အသုံးပြုလိုက်ပါတယ်။
ပုံထဲကအတိုင်းပဲ အမရဲ့ အဖေရောဂါစဖြစ်တော့ အသက် ၆၇ – ၆၈အရွယ် လူကပိန်ပြီး ရင်ဘတ်ကအောင့်။ လူကနည်းနည်းလှုပ်လည်းမောတယ်။
ပင်စိမ်းပင်ဆေးသုံးစွဲပြီး နှစ်လအကြာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အရင်လို ရင်ဘတ်အောင့်တာ မောတာတွေ မရှိတော့ဘူး။ စားကောင်းအိပ်ကောင်းနဲ့မြင်တဲ့အတိုင်း ကျန်းမာဝဖြိုးလာတာလက်တွေ့ပါ။ အမလည်း အဖေ့လိုပဲ ပင်စိမ်းကို
ဆေးအဖြစ်သုံးလိုက် တာ ပန်းနာရင်ကျပ် သက်သာခဲ့တယ်။ အရင်လို အင်္ဂလိပ်ဆေးဝါးတွေ မသုံးစွဲရတော့ဖူး၊ လူလည်းအတော်နေလို့ကောင်းလာတယ်။
အဲ့ဒါကြောင့် ငါ့မောင်က တိုင်းရင်းဆေးတွေမျှဝေနေ တော့ အများအတွက် အကျိုးရှိမယ့် ဆေးနည်းပါ အမတို့လက်တွေ့ သက်သာပျောက်ကင်းခဲ့တာပါ။ နှလုံးသွေးကြောကျဉ်းနဲ့ပန်းနာရင်ကျပ်အတွက် ဆေးနည်းကတော့ မခက်ပါဖူး စိတ်ရှည်ရှည်နဲ့သေခြာလေး လုပ်ဆောင်ပေးဖို့ပါပဲ။
ဆေးနည်း ။
- ပင်စိမ်းပင် လက်တစုပ်ကို ရေသန့်စင်အောင် သေခြာ ဆေးပါ။
- ထို့နောက် ပင်စိမ်းရွက်သတ္တုရည်အကြမ်းပန်ကန်လုံး တစ်ဝက်ရအောင်ထောင်းပြီညှစ်ယူပါ။
- ပြီးရင် ရလာတဲ့ ပင်စိမ်းသတ္တုရည် အကြမ်းပုဂံ တလုံးခန့်ကို ပျားရည် ဟင်းစားဇွန်းတဇွန်းခန့် ထည့်ပြီးသောက် ပေးပါ။
(သွေးတိုးမရှိလျှင်၊ ဆားအနည်းငယ်ခပ်သောက်ပါ)
ဆေးထောင်းတဲ့အခါကျောက်ပျဉ်/ကျောက်ငြုပ်ဆုံထဲထည့်မထောင်းပါနဲ့ ကျောက်မှုန့်တွေပါတတ်လို့ပါ။
အမကတော့ သစ်သားစင်းတီးတုံး နဲ့အရိုးအရွက်တွေကိုထောင်းပီးအရည်ညှစ်ယူပါတယ်။ အရိုးအရွက်အကုန်ထောင်းပါ။
ဒန်သတ္တုငြုပ်ဆုံထဲလည်းထည့်ထောင်းရင်အဆင်ပြေပါတယ်။ ဆေးသောက်ပီး၂နာရီလောက်ဆို ရင်ခေါင်း ဝမ်းခေါင်းပူလာတတ်ပါတယ် အစာတစ်ခုခုစားလိုက်ပါ စားပီးရေအဝသောက်ပါ။ သောက်စ (၁) ရက်(၂) ရက် ဝမ်းချုပ်သလိုဖြစ်မယ်။ ဘာမှကြောက်စရာမလိုပါဖူး ရေသာများများသောက်ပေးပါ ပုံမှန်ပြန်ဖြစ်သွားပါမယ်။ အမရောဂါစဖြစ်ကာစ အသက်ရှူရင် လေသံကတရွှီးရွှီးနဲ့နေ့ရောညပါ အိပ်မရဖူး အဖေနဲ့အတူတူ ပင်စိမ်းသတ္တုရည်ကိုသောက်လိုက်တော့ ချက်ခြင်း တရွှီးရွှီးလေသံတွေပျောက်သွားပြီး နေကောင်းလာတယ် ပထမတရက်တော့သောက်စမို့လားသိဘူး ပိုကျပ်တာနဲ့ ဆားအနည်းငယ် ထည့်သောက်ပါတယ်။ အဖေဆို ဖြစ်စက မရတော့ဘူးထင်တာသူများတွေအေးခဲစောင်ခြုံနေချိန် အဖေကချွေးစေးတွေပြန်အသက်ရူ ကြပ်ပြီး မရတော့ဘူးလို့တောင်ထင်တာပါ။ အခုတော့ ပင်စိမ်းသတ္တုရည် နဲ့ ပျားရည်း အစွမ်းကြောင့် အဖေ့နှလုံးရောဂါနဲ့ အမရဲ့ပန်းနာရင်ကြပ် ရောဂါ လက်တွေ့ဆေးနည်းလေးမို့ စိုင်းမင်းသန့်ကို ပြောပြတာပါ။ အဓိက အထက်ကပြောခဲ့တဲ့ အတိုင်း စိတ်ရှည်ရှည်နဲ့ ဆေးကိုပုံမှန်သောက်ပေးဖို့ ထပ်ပြောပါရစေနော် ဆေးနည်းကိုပြောပြပေးသော အမ ရွှေခြံသူ မအိမ်ကံ ကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Credit