ThaZaungMinThar

နားအူ၊ နားကိုက်၊ နားထဲအနာပေါက်ခြင်းများအတွက် အလွန်ကောင်းသော တဇောင်းမင်းသား

နားအူ၊ နားကိုက်၊ နားထဲအနာပေါက်ခြင်းများအတွက် အလွန်ကောင်းသော တဇောင်းမင်းသား

ကိုယ်တွေ့ပျောက်ခဲ့တဲ့ ဆေးပင်ပါ။

ကျမ နားထဲအနာပေါက်ပီး နားကိုက်ဝေဒနာ ခံစားနေရတာ တလနီးပါးကြာတဲ့အချိန်မှာ ခုဆေးပင်နဲ့တွေ့မှ သက်သာပျောက်ကင်းပါတယ်။ ဖြစ်စမှာ နားထဲကို အရွက်စိမ်းက အရည်တွေကို မခတ်ရဲလို့ ဆရာဝန်နဲ့ ကုနေပေမယ့် လုံးဝ မသက်သာခဲ့ဘဲ တနေ့လျှင် အကိုက်ခဲပျောက်ဆေးကို လေးကြိမ်ထိ သောက်ခဲ့တာတောင် အနာကိုက်တာက လျော့မသွားဘဲ တနေ့ထက် တနေ့ ပိုဆိုးလာလို့ မိတ်ဆွေများ၏ တိုက်တွန်းမှု့ကြောင့် ယခုအပင်မှ အရွက်ကို မီးကင်၍ နားထဲသို့ အရည်ညှစ်၍ တနေ့လျှင် သုံးကြိမ် အသုံးပြုခဲ့ပါတယ်။
ဆေးခတ်ပီး ငါးရက်အကြာမှ စတင်ကာ အကိုက်ခဲပျောက်ဆေး သောက်တဲ့အကြိမ်ရေ လျော့လာပါတယ်။
ဆယ်ရယ်မြောက်နေ့မှာ အကိုက်ခဲပျောက်ဆေး လုံးဝသောက်စရာမလိုအောင် သက်သာသွားပါပီ။
ယခုဆေးကို ယုံကြည်စွာ သုံးစွဲဖို့ သူကိုယ်တိုင် နားအနာပေါက်ဖူး၍ သူ့ဖြစ်စဉ်ကို စိတ်ရှည်စွာနဲ့ ရှင်းပြခဲ့တဲ့ ရေစကြိုမှ ကားဝပ်ရှော့ဆရာဇနီးမောင်နှံ (အပင်နဲ့ အရွက်ကို ကားဂိတ်ကနေ တကူးတကပို့ပေးတာ ကျေးဇူးအထူးတင်ပါတယ်)
ဖေဖေ့ မိတ်ဆွေ ဦးကျော် အိမ်တိုင်ယာရောက် နေပူကြီးထဲ လာပို့တာကိုလဲ ကျေးဇူးတင်ပါတယ်။

Credit-Original Uploader

Leave a Comment

Your email address will not be published. Required fields are marked *