နှလုံးသွေးကြောကျယ် ရောဂါလက်တွေ့ပျောက်ခဲ့သူတစ်ဦးပြောတဲ့ စံကားစိမ်းပွင့်အစွမ်း

ကျွန်တော့်အမျိုးသမီးတွင် နှလုံးသွေးကြောကျယ် ရောဂါကြောင့် အိပ်ရာမှ မထနိုင်တော့ပါ။နှလုံးသွေးကြောကျယ်ခြင်းကြောင့် နှလုံးခုန်ခြင်းမှာ အလွန်ပြင်းထန်၍ ရင်ဘတ်ပေါ်သို့ လက်တင်ထားလျှင် လက်သည် သိသိသာသာ အပေါ်သို့ စည်းချက်ညီညီ ကြွတက်နေပါသည်။ခန္ဓာကိုယ်တစ်ကိုယ်လုံး အသားအရေများ အမြဲတမ်း ပူလျက်ရှိပြီး ဆံပင်များ ကျွတ်သွားရာ ကျိုးတိုကျဲတဲသာ ရှိပါသည်။

တစ်နေ့လျှင် ရေ လေးခါလောက်ချိုးမှ နေနိုင်ပါသည်။

ထမင်းစားလျှင် အမြဲတမ်း ပြင်းထန်စွာ သီးတတ်၍ အသက်ရှူမြန်ခြင်း၊ အသက်ရှူ ပြင်းထန်ခြင်း၊ မောပန်းခြင်း ဝေဒနာကို ခံစာေးနရပါသည်။လူနာလာမေးကြသော မိတ်ဆွေ

အပေါင်းအသင်းများကလည်း မရတော့ပါဘူး။

စိတ်ချမ်းသာအောင် ထားပါ-ဟူ၍သာ ပြောနိုင်ကြပါသည်။

ရန်ကုန် ဆေးရုံကြီးနှင့် နာမည်ကြီး ဆေးကုဌာနများမှာ သွားရောက်ကုသနိုင်ခြင်း မရှိသည့်အတွက် မြို့နယ် ဆရာဝန် ညွှန်ကြားသော ဆေးများ သောက်သုံး၍ အားဆေးသွင်းကာ ကုသနေသော်လည်း ရောဂါမှာ ထူးခြားသက်သာမှု မရှိပါ။တစ်နေ့တွင် ရေကြည်ဈေးအတွင်းမှ အလှကုန်ရောင်းသူ သူငယ်ချင်း မေဒီယန် ခေါ်သော အမျိုးသမီးသည် လူနာမေးရန် အိမ်သို့ရောက်ရှိလာပါသည်။သူက နှလုံးသွေးကြောကျယ်လျှင် စံကားစိမ်းပွင့် လက်တစ်ဆုပ်ကို (၃)ခွက် (၁)ခွက်တင် ကျိုသောက်ပါ။

သက်သာပျောက်ကင်းသည်။ သောက်သုံးကြည့်ရန် တိုက်တွန်းခဲ့ပါသည်။

စံကားဝါ၊ စံကားစိမ်း၊ စံကားဖြူ သုံးမျိုးရှိသည့်အနက် စံကားစိမ်းပင်မှာ ကျွန်တော်တို့မြို့တွင် လွန်စွာရှားပါးသဖြင့် ရှာဖွေမရဖြစ်နေ၍ မတိုက်ဖြစ်သေးပါ။ (၃)ရက်ခန့်ကြာသောအခါ မေဒီယန်-ခေါ် ဆေးနည်းပေးသူ အမျိုးသမီးသည် စံကားစိမ်းပွင့်များကို ကြွပ်ကြွပ်အိတ်နှင့် ထည့်၍

အိမ်တိုင်ရာရောက် လာပို့ပါသည်။

ငါးသိုင်းချောင်းမြို့မှာနေသော မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ စာရေးမလေးကို မှာလိုက်ရာ ရရှိ၍ လာရောက်ပေးကြောင်း ပြောဆိုပြီး ကျို၍ တိုက်ရန် အတင်းတိုက်တွန်းပါသည်။

ထိုစံကားစိမ်းပွင့် လက်တစ်ဆုပ်စာမျှကို (၃)ခွက် (၁)ခွက်တင် ကျိုပြီး ရေ လက်ဖက်ရည် အချိုပန်းကန် လေးလုံးစာမျှ ကျန်အောင် မှန်းထည့်၍ တစ်နေ့လျှင် နံနက်-ည၊ (၂)ကြိမ် တစ်ကြိမ်လျှင် အချိုပန်းကန် တစ်လုံးမျှ နှစ်ရက်ဆက်၍ တိုက်လိုက်ပါသည်။

တစ်ရက် နှစ်ရက်အတွင်း သက်သာလာပြီး တစ်ပတ်မျှကြာသောအခါ နှလုံးခုန်ခြင်း ပုံမှန် အနေအထားသို့ ပြန်ရောက်ပြီး နှစ်ပတ်လောက်ကြာသောအခါ ရောဂါသက်သာပျောက်ကင်းသွား သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။သို့သော်လည်း တစ်နေ့လျှင် ထိုရောဂါ ပြန်ဖြစ်လာ-မလားဟု သံသယရှိခဲ့ပါသည်။ ဒါပေမယ့် ယခုအချိန်ထိ ထိုရောဂါလက္ခဏာ အရိပ်အယောင်မျှ မရှိဘဲ ကျန်းမာဝဖြိုးလျက် ရှိပါသည်။

ယင်းအဖြစ်အပျက်ကလေးသည် ယခု ၂၀၀၅-ခုနှစ် ဒီဇင်္ဘာလတွင် (၁၀)နှစ်မျှ ကြာပြီဖြစ်၍ သက်သာပျောက်ကင်းသွားပြီဟု ယုံကြည်မှု ရရှိပါပြီ။သို့အတွက် နှလုံးသွေးကြောကျယ် ရောဂါခံစားနေရသူ ဝေဒနာရှင်များအတွက် ဆေးတစ်လက်ကို နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ တစ်ဆင့် စေတာနာ မေတ္တာဖြင့် တင်ပြအပ်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *