ဒူးနာ ခါးနာ၍ ဆေးခန်းပြသော်လည်းမသက်သာပဲ ဆေးမတိုးဘဲ ရှိနေသူတွေသဘာ၀ ဆေးနည်းများကိုအသုံးပြု ချင်သူတွေတောင်းဆိုလာသူများ အတွက်
ဒူးနာ ခါးနာသဘာဝ ဆေးနည်း (၈) မျိုးကိုစုစည်း၍ ပေါင်းစုပြီး မျှဝေ ပေးလိုက်ပါတယ်။
ဆေးနည်း (၁)
လေဖြတ် လေငန်း လေးဘက်နာ ခါးနာ ဒူးနာရောဂါများသည်များ၊
ဖီးကြမ်း ငှက်ပျောသီး အမှည့်ကိုဖင်ဖြတ် ခေါင်း ဖြတ်၍သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ (၅) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ (၅) ရက်ဆက် တိုက်စားပေးပါကလေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျ နည်းကာအစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန်။
(ဝိစိတ္တရတနာမြေ)
ဆေးနည်း (၂)
ငါးကြင်းခေါင်းကိုမကြာခဏ ဟင်းချက်စားခြင်းဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်းရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသောရိုးတွင်း ချဉ်ဆီများ အား ပြန်လည် ပြည့်၀လာ၍အမှန် တကယ် ပျောက်ကင်းခဲ့ပါသည်။ ဆေးရုံ (၃) လလောက်တက်ခဲ့ရတဲ့အသိတစ်ယောက်ဒီနည်းနဲ့ ပျောက်သွားပါတယ်။(၃)ပတ်လောက်ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်းဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
Credit:(တိုင်းရင်းဆေး ဆရာကြီး ဦးကြည်မြင့်လွင်)
ဆေးနည်း (၃)
ဆေးနည်းကတော့ဂျင်းတက်နဲ့ မြေဖြူခဲကိုရောထောင်းပြီးနာနေတဲ့ဒူးပေါ်ကိုတစ်နေ့ (၂) ကြိမ် လိမ်းပေးပါ။
(၃) ရက်အတွင်း သိသာလာမယ်။တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။
Credit:(ကိုယ်တွေ့တစ်ဦး)
ဆေးနည်း (၄)
ခွေးတောက်ရွက်လက်တစ်ဆုပ်ခန့်ကိုထုထောင်း၍ အရည်ညှစ်ယူကာ၄င်းအရည်ဖြင့် သနပ်ခါးသွေးကာဒူးပေါ်ကို လိမ်းပေးပါ။
မနက်ရေချိုးပြီးတစ်ကြိမ်၊ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။တစ်ပတ်ခန့်လိမ်းပေးလျှင် ဒူးနာသက်သာ ပျောက်ကင်းစေမည်။
Credit: (Mg Naing)