ဒူးနာသမားများအတွက် ကိုယ်တိုင် လက်တွေ့သက်သာစေတဲ့ဆေးနည်း
ဒူနာသမားများအတွက် ဆေးနည်းကောင်းလေးပေး ပါရစေ။ ကျနော် ကိုယ်တိုင် လက်တွေ့သက်သာလို့ သတိရပြီး တင်ပေး ပါတယ်။
ကျနော်ဘောလုံးကန် စဉ်က ဒူးမှာဒါဏ်ဖြစ်ပြီး မကြာ ခဏဒူး နာတတ် ပါတယ်။ အားကစား မလုပ်ဘဲနေတာ နှစ်အနည်းငယ် ကြာပြီးမှ လွန်ခဲ့သော ရက်က ဘော်လီဘော ကစားရာဒူးပြန်နာ လာပြန် ပါတယ်။
မိတ်ဆွေတယောက်က ကျနော့အားဒီဆေးနည်းကို ပြောပြလို့စမ်းကြည့်ရာမှသက်သာပျောက်ကင်းလို့ ဒူနာဝေဒနာရှင်များအတွက်စေတနာရှေ့ထားပြီး ပြန်လည်မျှဝေပါတယ်။
၁။ ကြောင်ပန်းရွက်အားသင့်တော် သလောက်ရေစင် အောင်ဆေးပြီး ထုထောင်းချေမွပါ။
၂။သံပုရာသီးတလုံး/နှစ်လုံးချိန်ဆ၍ကြောင်ပန်းရွက် ထဲညှစ်ထည့်ပြီးသမအောင်အနည်းငယ်ထုထောင်းပါ။
၃။သံပုရာရည် နှင့်ကြောင် ပန်းရွက်ကို ဒူးပေါ်အုံကာ အဝတ်စသန့်ဖြင့် စည်းထားပေး လိုက်ပါ။
ကျနော်က ညဘက်စည်းပြီးအိပ် ပါတယ်။ အသုံးလို သူများ အကျိုး အကြောင်း ဆီလျှော်ပါက ဒူးနာဝေဒနာမှ သက်သာစေရန်။
ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိအေးချမ်း သာယာသလို လောကသားအားလုံး အေးချမ်းသာယာပါစေ။ အသိမှန်အမြင်မှန် များဖြင့် ကျန်ရှိသော ဘဝကို လှပစွာဖြတ်သန် းနိုင်ကြပါစေ။
နောက်တစ်နည်း – “ကိုယ့်အတွက်” မလိုသေးပေမယ့် လိုအပ်တဲ့ သူတွေ အတွက် ကူးလာတာပါ ၊ ပိုက်ဆံကုန် တာမှ မဟုတ်တာ ၊ စမ်းကြည့်ပေါ့” ” ဒူးနာ လက်တွေ့ဆေး ”ဒူးက တောင်ပေါ်က အဆင်း ခဲလုံးနင်းမိလို့ လည်သလို ဖြစ်ပြီးနာသွားတာ အတက်အဆင်း အတော်သွားမိတိုင်း ပြန်ပြန်နာနေ တယ်။
အဲဒါ ကားဆရာလေး တစ်ဦးက အကြံပေးတာက ရဲယိုရွက် မနုမရင့်ကို ဒီအတိုင်းပဲ ညအိပ်ရာဝင်မှာ စီးပြီးအိပ်ပါ ၊ သုံးလေးရက်ဆို လုံးဝကောင်းသွ ားမယ်” ဆိုလို့ ကျုပ်ကတော့ ဒူးစွပ်နဲ့ ဖိစွပ်ထားတာ။ဟုတ်သဗျာ ခုမနက်လင်းတော့ သိသိသာသာကြီးကို သက်သာသွားတယ်။
Credit to original writer