YaeHtiGaYone

ဒူလာ သွေးဝမ်းအတွက်ရေ ထိကရုံး ပင်ဆေးဖက်ဝင်

ဒူလာ သွေးဝမ်းအတွက်ရေ ထိကရုံး ပင်ဆေးဖက်ဝင်

ရေထိကရုံးပင်ကို ငါးရှဥ့်နှင့်ကြော်စားလျင်ဒူလာ သွေးဝမ်းပျောက်သည်။
ကြက်သားနှင့် ကြော်စားလျင် အနာကျက်သည်။
ငါးကြင်းနှင့်ကြော်စားလျင် ဆီးအောင့်ပျောက်သည်။
ငါးသိုင်းနှင့်ကြော်စားလျင် ဆီးကျဥ်တာပျောက်သည်။
ဆိတ်သားနှင့်ကြော်စားလျင် ရင်ကြပ်ပျောက်သည်။
အမဲသားနှင့်ကြော်စားလျင် သွေးအန်တာပျောက်သည်။
ထောပတ်နှင့်ကြော်စားလျင် လေရောဂါပျောက်သည်။
ငါးရံ့နှင့်ကြော်စားလျင် ဆီးအိမ်ကိုက်တာပျောက်သည်။
ငါးကျည်းနှင့်ကြော်စားလျင် ဆီးကြိတ်ရောင်တာ ပျောက်သည်။
ရေထိကရုံးပင် သတ္တုရည်ကိုသောက်လျင်ကျောက်ကပ် သန့်ရှင်းသည်။
ပုစွန်နှင့်ကြော်စားလျင် သွေးအားတက်စေသည်။
ရေနှင့်ကျိုပြီး ဒိုဗာလာ(မှန်ရောင်သကြားခဲ) သကြားနှင့်သောက်လျင်ဆီးရွင်သည်။ဆီးရောဂါအမျိုးမျိုး ပျောက်သည်။
သတ္တုရည်ကို ဆန်ဆေးရေနှင့်သောက်ပါကဆီးနံဆိုးတာပျောက်သည်၊ကိုယ်နံ့ဆိုးတာပျောက်သည်။
ရေထိကရုံးပင်ကို သုပ်စားပြုတ်စားတို့စားမြုပ်စားထမင်းနှင့်တွဲစားလို့လည်းရသည်။
ကုန်းထိကရုံး ရေထိကရုံး နှစ်မျိုးလုံးဆေးဖက်ဝင်သည်။

သမားတော်ကြီးဦးသောင်းရွှေ

Leave a Comment

Your email address will not be published.

//thaudray.com/4/5314809