ဒီလိုအနေအထားကို မိနစ်(၂၀)လုပ်ရုံနဲ့ ရရှိလာနိုင်မည့် ကောင်းကျိုး (၄) ချက်
တစ်နေ့ကို မိနစ်(၂၀)လောက် ခြေထောက်လုပ်ရုံနဲ့ ရရှိလာမယ့် အကျိုးကျေးဇူးများပုံမှန်လေ့ကျင့်ခန်းတော်တော်များများ ကတော့ ကာယခွန်အားအများကြီးစိုက်ထုတ်ရပြီး ချွေးထွက်မောပန်းရတာမျိုးတွေ များပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေ ကြားထဲမှာမှ သက်သောင့်သက်သာနဲ့ ခန္ဓာကိုယ် အကျိုးကျေးဇူး များစေမယ့် လေ့ကျင့်ခန်းလေးကိုဖော်ပြပေးချင်ပါတယ် ။ဒါကတော့ ခြေထောက်မြှောက်လေ့ကျင့်ခန်းပါ။
ခြေထောက် မြှောက်လေ့ကျင့်ခန်း ကို တစ်နေ့ မိနစ် (၂၀)နဲ့ ပုံမှန်ပြုလုပ်ပေးရင်ရရှိမယ့် အကျိုးကျေးဇူးတွေကတော့
(၁) ခြေထောက်ဖောတာ ၊ ရောင်တာ သက်သာမယ်
ဒီလေ့ကျင့်ခန်းက ခြေထောက်သွေးလှည့်ပတ်မှုကို အထူးကောင်းမွန်စေလို့ ကျောက်ကပ်ရောဂါ၊ အဝလွန်တာနဲ့၊ မှားယွင်းတဲ့ စားသောက်ပုံတွေကြောင့်ဖြစ်တဲ့ ခြေထောက်ဖောတာ ရောင်တာတွေကို လျော့ကျစေပြီ ခြေထောက် သွယ်လာစေပါတယ်။ဒေါက်ဖိနပ်စီးရင်ဖြစ်တဲ့ နာကျင်မှုဒါဏ်တွေကိုလည်းသက်သာလာစေပါတယ်။
(၂) အစာခြေစနစ် ကောင်းမွန်လာမယ်
ကိုယ်တွင်း အင်္ဂါတွေရဲ့ သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေတာကြောင့် အစာ ခြေစနစ်ကိုပိုမို ကောင်းမွန်လာစေပါတယ်။ အစာစုပြီး ဗိုက်ပူတာ၊ ဗိုက်အဆီစုတာတွေပါ ပျောက်ကင်းစေတာကြောင့် အဆီကျပြီး ခါးလေးပါသွယ် လာမှာပါ။
(၃) စိတ်အတက်အကျများတာ လျော့ကျလာမယ်
ခြေထောက်မြှောက်လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူ လေ့ကျင့်ခန်းပါလုပ်ပြီးသားဖြစ်တာကြောင့် ဦးနှောက်ထဲ အောက်ဆီဂျင်ပိုရောက်ပြီး စိတ်ကိုလန်းဆန်းစေပါတယ်။စိတ်တည်ငြိမ်စေပြီး စိတ်လှုပ်ရှားမှု၊ လည်ပင်းနဲ့ ဝမ်းဗိုက် ကြွက်သားတင်းရင်းမှုတွေကိုပါလျော့ကျစေပါတယ်။
(၄) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်
သွေးလှည့်ပတ်မှုကောင်းမွန်စေတာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုလည်း ပုံမှန်ပြန်ဖြစ်စေပြီး အိပ်ချိန်မှန် လာ စေပါတယ် ခြေ ထောက် မြှောက်လေ့ ကျင့်ခန်း ပြုလုပ်ပုံ နံရံနားမှာ သက်သောင့်သက်သာဖြစ်မယ့် နေရာကိုရွေးပါ။ပြီးရင်တော့ အခင်းလေး တစ်ခုချပြီး(သို့) roller လုံးလေး ကျောမှချပြီး လှဲလိုက်ပါ။ ခြေထောက်ကို နံရံမှာ တည့်တည့်မြှောက်ပါ(90 degree) လက်တွေကိုတော့ ကြမ်းပြင်မှာ သက်သောင့်သက်သာချထားလို့ရပါတယ်။ဒီအတိုင်း ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိလုပ်ပေးရပါမယ်။ သတိပြုရမှာကတော့ သွေးလည်ပတ်မှုကိုအနှောက် အယှက်ဖြစ်စေမယ့် အဝတ်အစားမဝတ်ရပါဘူး။ ခါရိုး၊ ခြေထောက် ထိခိုက်ဒါဏ်ရာရထားသူတွေ မလုပ်သင့်ပါဘူး။
Credit