ထုံကျဉ်သူအတွက် ဆေးကောင်းတစ်လက်
အထူးသဖြင့် အထိုင်သမားများ၊ ရုံးသမား၊ စက်ချုပ်စသည်ဖြင့် စားဝတ်နေရေးအတွက် နံနက်မှသည် ညနေဆီတိုင် အလုပ်ခွင်တွင် ထိုင်ကြရပါသည်။ ကြာလာတော့ ခြေထောက်၊ ဒူးနှင့် ပေါင်က ထုံကျဉ်လာတတ်တော့သည်။ တစ်နေရာတွင် ကြာကြာမထိုင်နိုင်ပါ။ ကြာလာလျှင် လေဖြတ်မည်လည်းစိုး၍ လိမ်းဆေးများလည်း လိမ်းပါသည်။ သို့သော် အဆင်မပြေ။ ယခုဆောင်းကာလ ပို၍ပင် ဆိုးပါသည်။ အမှတ်မထင် လိမ်းဆေးနည်းလေး ရသည်။ အတော်လည်း အဆင်ပြေပါသည်။ လက်တွေ့လည်း ပျောက်သည်။
(၁) ဂျင်းတက်-၁တက်
(၂) စပါးလင်(၅)ပင်၊ အမြစ်ပါယူကပိုကောင်းပါသည်။ (ရေစင်အောင်ဆေးပါ)
ထိုနှစ်မျိုးကို ဆုံကိုသန့်အောင်ပြုလုပ်ပြီး မညက်တညက်လေး ထောင်းပါ။ ထိုဂျင်းတက်နှင့် စပါးလင် ထောင်းထားသည့် ထဲသို့ သံပုရာသီး(၂)လုံးလောက် အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးပါ။ ပေါင်းစပ် ထားသော ညှစ်ရည်များ ထွက်လာပါမည်။ ထိုညှစ်ရည်ဆေးကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှ ခြေဖျားအထိ အထက်မှ အောက်သို့ ပူလာတိုင်း လိမ်းလူးပေးပြီးမှ အိပ်ရာဝင်ပါ။ (၃)ရက် (၄)ရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါ ထုံကျဉ်မှုများ ပျောက်ကင်းသွားပါလိမ့်မည်။ လက်တွေ့အကျိုးကြီးသော နည်းလေးဖြစ်ပြီး၊ စပါးလင်၊ ဂျင်းနှင့် သံပုရာရည်တို့မှာ ရှာဖွေရ လွယ်ကူသော အိမ်မီးဖိုချောင်သုံး ပစ္စည်းများ ဖြစ်ပါသည်။ လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးကြပါစေ။
Credit – ရဲမျိုးသူ(ဗောဓိမြိုင်)
တဆင့်ပြန်လည်မျှဝေပါတယ်ရှင်