KyatOo

ညညခနခနဆီးထသွားသူများအတွက်

ညညခနခနဆီးထသွားသူများအတွက်

ထိုင်ဝမ်က မိတ်ဆွေတယောက် ညညဆို ဆီးထထ သွားရတာ သုံး၊ လေးခါဆိုပဲ။ သူ့ခမျာ နည်းအမျိုးမျိုး စမ်းကြည့်ရှာပါသေးတယ်။ တနေ့ ရေ 1000.cc ပဲ သောက်တာတို့ညနေ ၃နာရီကျော်ရင် ရေ(သို့)အရည် မှန်သမျှ လျော့သောက်ပြစ်တာတို့ ညဘက်ဆို အရည်ရွှမ်းတဲ့ အသီးမှန်သမျှ မစားတော့တာတို့ အပြင်အရက် ဘီယာဆို လုံးဝမထိတော့ တာတောင် ညည အနည်းဆုံး ၃ခါလောက် ထထ ဆီးသွားနေရတော့ သူ့ခမျာ အိပ်ရေးအတော် ပျက်ရှာတယ်။

တနေ့မျှစ်တူးတဲ့ တောင်သူဦးလေးကြီး တဦးက “ညအိပ်ခါနီး သွားမတိုက်ခင် ကြက်ဥပြုတ် တစ်လုံး စားကြည့်ကြည့်ပါလား” ဆိုလို့ စမ်းစားကြည့်တာ အရင် တစ်ည သုံး ,လေးကြိမ် ဆီးထသွား တာကနေ ပျမ်းမျှတကြိမ်လောက်ပဲ ထသွားတဲ့အထိ ထူးဆန်းစွာ ကြုံတွေ့ခဲ့ရတယ်။ (ဆီးထသွားရင်လဲ ဘယ်န နာရီရှိပြီလဲ အချိန်ကို မကြည့်ပဲ ချက်ချင်းပြန်အိပ်စက်အနားယူတာက ဖိအားနဲပြီး ပြန်အိပ်ပျော်စေပါတယ်)။

ဂျပန် ဆီးလမ်းကြောင်းလေ့လာရေးအဖွဲ့ တခုနဲ့ ဂျပန်က ဆေးရုံတရုံ ပူးတွဲလေ့လာမှုတခု ပြုလုပ်ခဲ့ရာမှာ အသက် 65,85 ထိရှိတဲ့ (ကျား+မ) ၉ဦးကို နေ့စဉ်ညမအိပ်ခင် 3 ,5 နာရီအလို ခြေထောက်ကို (ပုံပါအတိုင်း) မိနစ်၂၀ မြှောက် ထားတဲ့ လေ့ကျင့်ခန်း တခု ပြုလုပ်စေခဲ့တယ်။ ၈ပတ်အကြာစမ်းသပ်မှုတစ်ခုမှာ သူတို့ ပျမ်းမျှ တည 2.4 ကြိမ် ဆီးထသွားရာကနေ ၄ပတ်အကြာမှာ 1.8ကြိမ်၊ ၈ပတ်အကြာမှာ 1.2ကြိမ် သာရှိတော့တာတွေ့ရပြီး လေ့ကျင့်ခန်း မလုပ်ခင်ကထက် အကြိမ်ရေ တဝက်တိတိ နဲသွားတာ တွေ့ရတယ်။ ပြီးတော့ နေ့ပိုင်း ဆီးသွားတဲ့အကြိမ်ရေ 8.8 ကြိမ်ကနေ 8.2 ကြိမ်ထိ ကျလာတာလဲ တွေ့ရတယ်။ နောက်ပြီး ညပိုင်းသွားတဲ့ ဆီးပဏာမကလဲ တည 721ml ကနေ ၄ပါတ်အကြာမှာ 630ml ၊ ၈ပါတ်အကြာမှာ 382ml ထိကျလာတာ တွေ့ရတယ်။

ဒီအထဲမှာ အထူးခြားဆုံးက အသက် ၈၂နှစ်အရွယ် အဖိုးဟာ အရင်တည 1330ml ကနေ ၈ပါတ်အကြာမှာ 540ml ပဲ ရှိတော့ တာ တွေ့ရပြီး 790ml တောင် နဲသွားတယ်လို့ ဆိုတယ်။ လေ့လာမှုမှတ်တမ်းများအရ ဒီ 40cm အမြင့်ပဲခြေတောက် ကို မိနစ်၂၀ မြှောက်ပေးထားတဲ့ လေ့ကျင့်ခန်းလေးဟာ ညညခနခနဆီးထသွားတာကို ကာကွယ်ပေးရုံတင်မကပဲ ခြေထောက် ရေဖေါ ဖေါနေသူတွေနဲ့ နှလုံးရောဂါအခံ ရှိသူတွေအတွက်ပါ ကောင်းမွန်တိုးတက် စေနိုင်တယ်လို့လဲဆိုတယ်။

ဘာပဲဖြစ်ဖြစ် အပန်းမကြီးလှတဲ့ ညအိပ်ခါနီး “ကြက်ဥပြုတ်” တစ်လုံးစား ခြင်း နဲ့ ဂျပန် နည်း မိနစ်၂၀ “ခြေထောက်မြှင့်” ပေးတဲ့ လေ့ကျင့်ခန်းလေးကို လိုအပ်သူများစမ်းကြည့်သင့်တယ် ထင်လို့မျှဝေပေးလိုက်ပါတယ်။

Credit

Leave a Comment

Your email address will not be published. Required fields are marked *