ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတဲ့ အစွမ်းထက်ပြောင်းဖူးမွှေး
ဒီတစ်ခေါက်တော့ ပြောင်းဖူးစားတဲ့အခါ ဖယ်စားလေ့ရှိပြီး ငယ်ငယ်က ကြာဇံဆိုပြီး ဆော့တတ်ကြတဲ့ ပြောင်းဖူးမွှေးလေးရဲ့ ဆေးဖက်ဝင်ပုံကို ပြောပြပေးချင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ် ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။
ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆီးကျိတ် ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆီးရွှင်စေတယ် ဆီးသွားရ ခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။
ဆီးမသွားနိုင်တာရဲ့ နောင်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးတယ် ကျောက်ကပ်မှာ ကျောက်တည်တာက နာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။
ပြောင်းဖူးမွှေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတိတ်စေတယ် ပြောင်းဖူးမွှေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။
သွေးတိုးကျစေတယ်
ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မျာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွှေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ် သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွှေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။
အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေတယ် ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။
သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ် သွေးတွင်းကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွှေးကို ပြုတ်သောက်ပေးလို့ရပါတယ်။
ဗီတာမင် C ကြွယ်ဝတယ်
ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေအပြင် ပြောင်းဖူးမွှေးက အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။
Credit – Hello ဆရာဝန်