SeeLanKaungKyout

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို ငွေမကုန်ပဲ လက်တွေ့ပျောက်ကင်းစေတဲ့ ဆေးနည်း

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို ငွေမကုန်ပဲ လက်တွေ့ပျောက်ကင်းစေတဲ့ ဆေးနည်း

လူ့ခန္ဓာကိုယ်ရှိ အင်္ဂါများတွင် ကျောက်တည်သည့်ရောဂါမှာ ကမ္ဘာဦး အစကပင် ရှိသည့် ရောဂါဟု ဆိုနိုင်သည်။ အီဂျစ်နိုင်ငံ၌ တွေ့ရှိရသည့် မံမီရုပ် အလောင်းအတွင်းတွင် ကျောက်တည်မှုကို တွေ့ရသည်ဟု ဆိုသည်။ကျောက်တည်ခြင်းသည် သည်းခြေအိတ်နှင့် ဆီးလမ်းကြောင်းတို့တွင် ဖြစ်ပွားလေ့ရှိသည်။ဆီးလမ်းကြောင်းတွင် ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်တို့ ပါရှိသည်။ ကျောက်တည်ခြင်းသည် ဆီးလမ်းကြောင်း မည်သည့်နေရာတွင် မဆို ဖြစ်နိုင်သည်။
ဆီးကျောက်တည်ခြင်းသည် ယခင်က အမျိုးသားများတွင် အဖြစ်များခဲ့သော်လည်း ယခုအခါ အမျိုးသမီးများတွင်လည်း အဖြစ်များလာသည်ကို တွေ့ရသည်ဟု သိရသည်။

အကြောင်းရင်း – ဆီးတွင်း၌ ကျောက်ဖြစ်စေသည့်ဓာတ်များ၊ ဥပမာ ကယ်လ်စီယမ်ဓာတ် အလွန်အမင်း ပါရှိခြင်းကြောင့် ကျောက်တည်နိုင်သည်။ ဆီးလမ်းကြောင်း ကျဉ်းခြင်း၊ ပိတ်ခြင်းတို့ကြောင့် ဆီးအသွားနှေးပြီး အနည်ထိုင်ကာ ကျောက်တည်တတ်သည်။ ဆီးလမ်းကြောင်းအတွင်း ရောဂါပိုး ဝင်ရောက်ခြင်းသည် ဆီးကျောက်တည်ရန် အားပေးနေသည်။ ကလေးများ ဆီးအိမ်ရောင်သည့်အခါ ဆီးကျောက်တည်နိုင်သည်။ ကယ်လ်စီယမ် ခေါ် ထုံးဓာတ်အများအပြား ပါသည့် အစား အသောက်များကို ကာလကြာရှည်စွာ အမြဲစားသောက်သူတို့တွင် ဆီးကျောက်တည်တတ်သည်။ ဆီးကျိတ် (Prostate gland) ကြီးနေသော သက်ကြီးရွယ်အို အမျိုးသားများတွင် ဆီးအိမ် ကျောက်တည်ခြင်း များပြားသည်။
ဂေါက် (gout) ခေါ် ဒူလာ ရောဂါ ဖြစ်သူတို့တွင် ယူရစ် အက်ဆစ်ဓာတ် များပြားပြီး ကျောက်တည်သည်။ ချွေးထွက်များပြီး ဆီးနည်းသူများတွင်လည်း ဆီးကျောက်တည်တတ်သည်။ လေ့လာမှုတခုက ဝသူများတွင် ဆီးကျောက်တည်မှု ပိုလာနိုင်သည်ဟု ဆိုသည်။

ရောဂါလက္ခဏာ – ဆီးလမ်းကြောင်းတွင် ကျောက်တည်သည့်အခါ ခါးနာခြင်း ဖြစ်လေ့ရှိသည်။ ပြင်းထန်စွာ ခါးနာပါက ပျို့အန်တတ်သည်။ ဆီးပူ၍ ဆီးသွားသည့်အခါ သွေးပါတတ်သည်။ လူနာသည် ချမ်းတုန်၍ ဖျားနိုင်သည်။ရောဂါလက္ခဏာ များသည် ကျောက်တည်သည့် နေရာပေါ်တွင် မူတည်၍ ပေါ်ပေါက်လာသည်။ကျောက်ကပ်တွင် ကျောက်တည်ပါက ခါးနာခြင်း၊ ခါးအောင့်ခြင်း ဖြစ်၍ ဖျားလာနိုင်သည်။ ဆီး မကြာခဏ သွားပြီး ဆီးပူခြင်း ဆီးထဲတွင် သွေးပါခြင်းတို့ ဖြစ်နိုင်သည်။ ဆီးအိမ်တွင် ကျောက်တည်လျှင် ဆီးသွားရာ၌ ခက်ခဲနိုင်သည်။ ဆီးပြွန်အတွင်း၌ ကျောက်တည်သည့်အခါ ခါးတွင်းမှ ထိုးအောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဆီးတွင် သွေးပါခြင်းတို့ ဖြစ်နိုင်သည်။ နာကျင်မှုသည် ပြတ်တောင်းပြတ် တောင်း ဖြစ်ကာ မကြာခဏ ပြန်နာနိုင်သည်။

နောက်ဆက်တွဲ ရောဂါများ – ကျောက်သည် ဆီးလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပြီး ကာလကြာရှည်လျှင် ကျောက်ကပ် ထိခိုက် ပျက်စီးနိုင်သည်။ ထို့အပြင် ဆီးလမ်းကြောင်းတွင်လည်း ရောဂါပိုးများ လွယ်ကူစွာ ဝင်ရောက်နိုင်သည်။ ကျောက်ကပ် မပျက်စီးသည့်တိုင် ကျောက်ကပ် ရောင်ရမ်းနိုင်သည်။
ရောဂါရှာဖွေခြင်း – ဆီးကျောက် တည်ခြင်း ရှိ-မရှိကို ဆီးစစ်ခြင်း၊ ရိုးရိုး ဓာတ်မှန်ရိုက်ခြင်း။ ဆေးသွင်း၍ ဓာတ်မှန်ရိုက်ခြင်း၊ ပိုက်ထည့်၍ ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ထို့အပြင် ဆီးအိမ်တွင်းကြည့် ကိရိယာဖြင့် ကြည့်ခြင်း (cystoscopy) ဖြင့်လည်း ဆီးကျောက် ရှိ-မရှိ သိနိုင်သည်။
ကုသနည်း – ဆီးကြောင်း တွင် ကျောက် တည် သည်ဟု ဆရာ ဝန် မှတ် ချက် ပြု လျှင်ငွေ မကုန် ။လွယ်ကူစွာ ကုသနည်းကြက် သွန် နီ ကြီး ကြီး တ လုံး အား။ခေါင်း နည်း နည်း ဖြတ်။ အခွန် ပါး ခွါ။ ဓါး ဖြင့်မပြုတ် ထွက် သွား အောင်။ လေး စိတ် စိတ်။ဖန် ခွက် ဖြင့် ရေ ( ၂ ) နာ ရီ ခန့် စိမ်။ ထိုစိမ် ရေ ကို တရက် သုံး ကြိမ် ( ၃ )ရက် သောက် ပါ။ တခါ စိမ် ပြီး တိုင်း ကြက်သွန် အသစ် လဲ ရ မည်။ဆေး ပြန် စစ် ကြည့် ပါ။ သေး လျှင်ပျောက် သွား မည်။ ကြီး လျှင် ပါး သွား မည်။ဘယ် လောက် သောက် သောက် အန္တရာယ်မရှိ ပါ။
ကာကွယ်ရေး – ရေများများ သောက်ခြင်းက ဆီးကျောက်တည်စ အချိန်တွင် သက်သာပျောက်ကင်းစေနိုင်သည်။ထုံးဓာတ်ပါသည့်ရေနှင့် အစားအစာများကို ကာလကြာရှည်စွာ နေ့စဉ်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ချွေးအထွက် မလွန်စေရန်လည်း သတိပြုသင့်ပါသည်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *