ဆီးရောဂါအတွက် သင်္ဘောရွက်
ယောက်ျားမှာဆီး၊ မိန်းမမှာမီး ဆိုသည့်စကားအတိုင်း ဆီး ရောဂါသည် အမျိုးသားများအတွက် အလွန်အရေးကြီးသော ရောဂါတစ်ခု ဖြစ်နေသည်။ ဆီးရောဂါခံစားနေရ၍ ဆီးမပါနိုင်ပဲ ဒုက္ခရောက်နေသည်မှာ လနှင့်ချီနေပြီဖြစ်သော ဝေဒနာရှင်တစ်ဦးသည် အောက်ပါ သဘာ၀နည်းဖြင့် ပျောက်ကင်းခဲ့၍ အများသိအောင် ထပ်ဆင့်ရေးသား မျှဝေပေးလိုက်ပါသည်။
(၁) သင်္ဘောရွက်ကို မီးကျွမ်းအောင်ကင်၍ အမှုန့်ဖြစ်အောင်ချေကာ ရေနွေးခတ်သောက်ပါ။ တစ်နေ့ ၃ ခွက်ခန့် သောက်နိုင်ပါသည်။
(၂) သင်္ဘောရွက်ကို ပြုတ်၍ ၄င်းပြုတ်ရည်ကို လက်ဖက်ရည်ခွက် တစ်ခွက်စာကို တစ်နေ့ ၃ ကြိမ်ခန့် သောက်ပါ။
(၃) သင်္ဘောရွက်နုနုကို ရေနွေးစိမ်၍သော်၄င်း၊ မီးအပူခဏ ပေး၍သော်၄င်း၊ တို့စရာအဖြစ်ပြုလုပ်၍ မကြာခဏ စားပါ။ ကျောက်ကပ်များ ကောင်းစွာအလုပ်လုပ်၍ ဆီးကောင်းစွာ သွားနိုင်လာမည်။ ဆီးရောဂါများ လျှင်မြန်စွာ သက်သာပျောက်ကင်းစေမည်။
ကိုးကား – ဆေးဖက်၀င်အပင်များ
စောနွဲ့နေဆိုင် – ပူတာအို