ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်၊ ဆီးချုပ်၊ဆီးကျန် ဖြစ်ပါလျှင် အရှင်းပျောက်ကင်းစေသော ဆေးနည်း
ဆီးနီ၊ ဆီးဝါ၊ ဆီးချုပ်၊ ဆီးအောင့်၊ ဆီးပူး၊ ဆီးကျဉ်၊ ဆီးကျန် ဖြစ်ပါလျှင် အရှင်းပျောက်ကင်း ဆီးရောဂါကင်းစေသော ဆေးနည်းအား ကျေးဇူးတော်ရှင်ရွှေပေါ်ကျွန်း ဆရာတော်ကြီးထံမှ အမှတ်မထင် ရရှိခဲ့ပါသည်။
ဆရာတော်ဘုရားသည် ဆေးပညာ အလွန်ကျွမ်းကျင်ပါသည်။ တပည့်ဝေနေယျများအား တစ်ခါတစ်ရံ ဆေးနည်းများ ပေးသည်လည်း ရှိပါသည်။“နနွင်း၊ ဆီးဖြူ၊ပျားရည်ကူက မလွဲသေချာ ဆီးရောဂါပျောက်၏” ဟု မိန့်ဖူးပါသည်။ +
ယုံစွာအမှန် လုပ်ဆောင်ရန်က ဝေဒနာရှင်၏ တာဝန်တည်း ..။
ယခုတင်ပြသော ဆီးရောဂါဆေးနည်းမှာ လူသိနည်းပါသည်။
ယောကျာ်းသား အတော်များများ ဆီးရောဂါမျိုးစုံ ခံစားရတတ်ကြပါသည်။
ပါဝင်ပစ္စည်းများ – နနွင်းမှုန့် (၃) ပဲသား။ဆီးဖြူသီး သတ္တုရည် (၁) ဇွန်း။ပျားရည်စစ်စစ် (၁) ဇွန်း။ထိုသုံးမျိုးကို ရောစပ်ပြီး တစ်နေ့တစ်ကြိမ်သာ အသေအချာသောက်ပါက မုချပျောက် ပါသည်။
ယင်းဆေးနည်းအား လက်ဆင့်ကမ်းပေးခဲ့ရာ ပျောက်ကင်းသူအလွန်များပါကြောင်း။ဝေဒနာရှင်များ လက်တွေ့ လိုက်နာဆောင်ရွက်ကြည့်ပါ ပျောက်ကင်းပါက ထပ်မံဝေမျှ ပေးကြပါရန်။
Credit – ရဲမျိုးသူ (ဗောဓိမြိုင်)