SeePuSeeAunt

ဆီးပူ၊ ဆီးနီ၊ ဆီးအောင့်၊ ဆီးကျောက်တည် ခြင်းတို့အတွက်

ဆီးပူ၊ဆီးနီ၊ဆီးအောင့်၊ဆီးကျောက်တည် ခြင်းတို့အတွက်

ပြောင်းဖူးမွှေးပြုတ်ရည်တစ်ခွက်

ဆီးပူ၊ ဆီးနီ၊ ဆီးအောင့်၊ ဆီးကျောက်တည် ခြင်းတို့အတွက် သဘာဝ အစွမ်းထက် ပြောင်းဖူးမွှေးပြုတ်ရည်တစ်ခွက်

ကျောက်ကပ် ရောဂါနဲ့ ပတ်သက်လို့ စိတ်ညစ် နေကြ သလား။
ငွေတစ်ပြား တစ်ကျပ်မှ မကုန် စေရဘဲ ပျောက်ကင်း စေရမယ်။ စိတ်ချ လက်ချနဲ့ ယုံယုံ ကြည်ကြည် သောက်ကြည့် လိုက်စမ်းပါ။
ပြောင်းဖူးက ထွက်တဲ့ အမွှေးကို သွေ့ခြောက်အောင် အခြောက်ခံပြီး လ္ဘက်ခြောက် လိုမျိုး ရေနွေးထဲ ခပ်သောက်ပါ။ ဒိဌ ပျောက်ကင်း ပါသည်။

သွေ့ခြောက် = နေပူ တိုက်ရိုက် မခံဘဲ နေရိပ် ထဲမှာ ဖြန့်လှမ်း အခြောက်ခံခြင်း ဖြစ်သည်။

(ဆေးမြီးတိုများ)

ကျန်းမာရေးအတွက် သောက်သုံးသင့်တဲ့ ပြောင်းဖူးမွေး ရေနွေးကြမ်းကိုဘယ်လိုလုပ်မလဲ။ ဘာ့ကြောင့်သောက်သုံးသင့်သလဲ။
ပြောင်းဖူးမွေးဟာ ဆီးချိုကျစေသလို သွေးခဲတာကိုလည်း သက်သာစေပြီး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။
ဒါ့ကြောင့် ပြောင်းဖူးပေါ်ချိန်မှာ ပြောင်းဖူး ရေနွေးကြမ်းကို ပြုလုပ်သောက်သုံးသင့်ပါတယ်။ ပြောင်းဖူးမွေးမှာ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။
ဒါ့ကြောင့် ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လိုလုပ်မလဲ
ပြောင်းဖူးမွေးထဲက မည်းနေတဲ့ အမွေးတွေကို ဖယ်လိုက်ပါ။ ပြီးရင်အခွံနွာပြီး အထဲက နုတဲ့ အမွေးကိုပဲယူပါ။ ပြီးရင် ရေဆေးပြီး သဘက်တစ်ခုခု ပုဝါတစ်ခုခုပေါ် တင်လိုက်ပါ။
စာရွက် သတင်းစာ တစ်ခုခုကို အသုံးပြုလို့လည်း ရပါတယ်။ ပြီးရင် အခြောက်ခံပါ။ တစ်ပတ် (သို့) ပတ်လောက် ကြာနိုင်ပါတယ်။ ပြီးရင်အညိုရောင်လေးဖြစ်လာပါလိမ့်မယ်။
အဲဒီအမွေးကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေနွေးထည့်ပါ။ ပြီးရင်တစ်ခေါက်လောက် ရေသွန်လိုက်ပြီး နောက်ထပ် ခွက်တစ်လုံးထဲကိုထည့်ကာ ရေနွေးလောင်းထည့်ပါ။
ပြီးရင် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပေးပါ။ (သို့) ပျားရည်ကိုအသုံးပြုလည်းရပါတယ်။ ပြီးရင် သံပုယိုသီးခွံ (သို့) ပူစီနံရွက်အနည်းငယ်ထည့်ပါ။
ပြီးရင် ၂ မိနစ်လောက်ထားပြီး ပြောင်းဖူးမွေးကို ဆယ်ပြီး သောက်နိုင်သလို မဆယ်ဘဲနဲ့ ဒီအတိုင်းလည်း သောက်နိုင်ပါတယ်။

Credit: Original Uploader

Leave a Comment

Your email address will not be published. Required fields are marked *