KanSoonOoNi

ဆီးချို သွေးချိုဖြစ်လျှင် ကန်စွန်းဥစားသင့်သော အကြောင်းအရင်း

ဆီးချို သွေးချိုဖြစ်လျှင် ကန်စွန်းဥစားသင့်သော အကြောင်းအရင်း

ကန်စွန်းဥဟာ အချိုဓာတ်ရှိတာကြောင့် လူတော်တော်များများက မတည့်ဘူးဟု ထင်မှတ်မှားနေကြပါတယ်။ ကန်စွန်းဥက သွေးထဲရှိ သကြားပမာဏကို ပုံမှန်ဖြစ်စေ ကာ အင်ဆူလင် ခံနိုင်ရည်စွမ်းအားကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကန်စွန်းဥကိုစားပေးသင့်ပါတယ်။ ကန်စွန်းဥဟာ အခြားသောသစ်ဥသစ်ဖု ဟင်းသီးဟင်းရွက်များနှင့်မတူဘဲ ကယ်လိုရီနည်းသဖြင့် အပင်သဘာဝ ပရိုတင်းဓာတ်ရရှိရာ အရင်းအမြစ်ဖြစ်ပါတယ်။

ဆီးချိုရောဂါကြောင့်ဖြစ်လာတဲ့ အရေပြားညစ်ခြင်း၊ အရေပြားယားယံခြင်း နှင့် မွေးညှင်းပေါက် သန့်ရှင်း စင်ကြယ်စေခြင်းတို့အတွက် ကန်စွန်းဥကိုပြုတ်၍ ရရှိသော ကန်စွန်းဥပြုတ်ရည်က ဆေးဖက်ဝင်ပါတယ်။ ကန်စွန်းဥတွင် s p o r a m i n s ဓာတ်ပေါကြွယ်ဝနေပြီး လူ့ခန္တာကိုယ်ထဲရှိ ဆဲလ်များအတွင်း a n t i o x i d a n t ပျက်စီးယိုယွင်းမှုကို ကြိုတင်ကာကွယ်ပေးသဖြင့် ဆီးချိုရောဂါသည်များအတွက် အနာကျက်မြန်စေနိုင်ပါတယ်။

ကန်စွန်းဥစားသုံးရာတွင် သတိပြုရန် အချက်များ
ကန်စွန်းဥကို မီးဖုတ်စားခြင်းထက် ပြုတ်စားခြင်း(သို့) ချက်စားခြင်းတို့က အာဟာရဓာတ်ပိုရတာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများ အပြည့်အဝရရှိစေပါတယ်။ အရောင်ရင့်သော ကန်စွန်းဥက ကျန်းမာရေး အတွက် ပိုမိုအထောက်အကူပြုပါတယ်။ ကန်စွန်းဥရဲ့ အပေါ်ယံအရေခွံတွင် အစိမ်းရောင်သန်းနေပါက အဆိပ်အတောက်ဖြစ်စေနိုင်၍ လုံးဝမစားသင့်ပါ။ ကန်စွန်းဥကို အထူးတလည်ထုပ်ပိုး ထားစရာမလိုဘဲ အေးပြီးခြောက်သွေ့သောနေရာတွင် (၁၀)ရက်ခန့် ထားနိုင်ပါတယ်။ ကန်စွန်းဥကို ရေခဲသေတ္တာထဲထည့်ထားခြင်း၊ ပလတ်စတစ်အိတ်နှင့် ထုပ်ထားခြင်းတို့က အာနိသင်ပျက်ပြယ်စေပါတယ်။

Credit-Sinocare Myanmar

Leave a Comment

Your email address will not be published. Required fields are marked *