ဆီးချို ကျစေတဲ့ ကင်းပုံသီးနဲ့ ကင်းပုံရွက်
ခြံစည်းရိုး တွေမှာ အလေ့ကျပေါက်တဲ့ နွယ်ပင်လေးတွေပါ။ အချိုသီးနဲ့ အခါးသီး နှစ်မျိုးရှိပါသည်။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ စားသုံးလေ့ရှိတဲ့ အသီးနဲ့အရွက် ဖြစ်ပြီး ကင်းပုံပင်က ကိုယ်တွင်း ဇီဝ ဖြစ်စဉ်ကို တိုးတက်စေတယ်။
ကင်းပုံသီးသည် ခါး၏ အေး၏ သလိပ်သည်းခြေကိုနိုင်သည် – ဝမ်းကို သက်စေသည်။ သွေးတွင်း သကြား ဓာတ်ကို ထိန်းညှိပေးတယ်။ဆီးချိုကို ငါကွယ်တယ်။နှလုံးနဲ့ အာရုံကြော စနစ် အတွက် ကောင်းတယ် စသည်ဖြင့် ယုံကြည်ကြသည်။
လေ့လာမူ တချို့အရ – ကျောက်ကပ်ကျောက် ကြေစေနိုင်ပါသည်။
အရွက်ကို သံချဆေးဖော်ရာ၌ အသုံးပြုသည်။
သွေးတွင်း သကြား ဓာတ်ကို ထိန်းညှိပေးခြင်း ရှေးခေတ် ဆေးပညာမှာ ကင်းပုံကို ဆီးချိုရောဂါ ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။
ကင်းပုံပင်ရဲ့ ရိုးတံနဲ့ အရွက်ကို ကြော်ချက်တာ ဒါမှမဟုတ် ဟင်းချု ခတ်သောက်တာ ဖြစ်ပါတယ်။ တပတ်ကို ၂ ကြိမ်လောက် စားပေးခြင်းဖြင့် ဆီးချို အတက်အကျကို ထိန်းစေနိုင်ပါတယ်။ အဝ လွန် မဖြစ်အောင် ကာကွယ်ပေးခြင်း ကင်းပုံသီးက အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနက ဖော်ပြထားပါတယ်။ သူက အဆီဆဲလ် မဖြစ်ခင် အခြေအနေမှာ ကြိုတင် တားဆီးပေးတာဖြစ်ပြီး ဇီဝ ဖြစ်စဉ် နူန်း ပိုမြန်စေပြီး သွေးတွင်း သကြား ဓာတ်ကို လျော့ကျစေပါတယ်။
မောပန်း နူံးချိခြင်း
သံ ဓာတ်က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ အတွက် မရှိမဖြစ် ဓာတ် တစ်မျိုးပါ။
ကင်းပုံသီးမှာ သံ ဓာတ် ၁ . ၄ မီလီဂရမ် ပါဝင်လို့ သွေးအားနည်းခြင်း မောပန်းနုံးချိခြင်းတွေကို ပြေပျောက်စေပါလိမ့်မယ်။
သံဓာတ်အားနည်းရင် ဖြစ်တတ်တဲ့ သွေးအားနည်းခြင်း အပါအဝင် တခြား လက္ခဏာတွေကိုပါ သက်သာစေတယ်လို့ သိရပါတယ်။
အာရုံကြော ကောင်းစေခြင်း
ဖရဲသီးလိုပဲ ကင်းပုံသီးမှာလည်း b2 လိုမျိုး ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အာရုံကြော စနစ်ကို ပိုမိုကောင်းမွန်စေ တဲ့ သတ္ထု ဓာတ် အဟာရ ဓာတ် တွေနဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်တယ်။ အတက်ရောဂါ အယ်ဇိုင်းမား ရောဂါ တွေကို လည်း သက်သာစေနိုင်ပါတယ်။
ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေခြင်း
Thiamine က ကာဗိုဟိုက်ဒြိတ်တွေကို ဂလူးကို့စ်အဖြစ် ပြောင်းလဲပေးတယ်။ ခန္ဓာကိုယ်ရဲ့ ခွန်အားကို ဖြည့်တင်းပေးပြီး ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ အဟာရဓာတ်ဖြစ်ပါတယ်။ ကင်းပုံသီးမှာပါတဲ့ thiamine က သွေးကလာပ်စည်းတွေထဲကို ဝင်ရောက်ပြီး ခွန်အားပိုဖြစ်ပေါ်စေတာပါ။ ဒီဓာတ်ကြောင့်ပဲ သွေးနီဥ ဆဲလ်တွေကိုလည်း ထုတ်လုပ်နိုင်စေပြီး မျိုးဗီဇ ဆိုင်ရာရောဂါများကိုလည်း ကုသပေးနိုင်ပါတယ်။
အစာခြေစနစ်ကိုကောင်းမွန်စေခြင်း ကင်းပုံသီးက အစာခြေစနစ်ကို အမျှင်ဓာတ်နဲ့အထောက်အပံ့ပေးပါတယ် ဒါကြောင့် ဝမ်းချုပ်ခြင်း. အနာဖြစ်ခြင်းတို့လို အစာအိမ်နဲ့အူ လမ်းကြောင်းရောဂါတွေကိုလည်း ကုသပေးနိုင်ပါတယ်။ ကျောက်ကပ်ကျောက်မတည်အောင် ကာကွယ်ပေးခြင်း ကျောက်တည်တယ်ဆိုတာ ကယ်လ်စီယမ်နဲ့အခြားသတ္ထုဓာတ်တွေကဆီးလမ်းကြောင်း အတွင်း အနည်ထိုင်စုပြီး အခဲပုံစံဖြစ်သွားတာပါ။
ထိုက်သင့်တဲ့ပမာဏထက်ကျော်ပြီး အငန်စားတာများရင် ကျောက်ကပ်ကျောက်တည်နိုင်ပါတယ်။ ကင်းပုံသီးမှာပါတဲ့ကယ်လ်စီယမ်က ကျန်းမာရေးအတွက်ကောင်းပြီး ဟင်းနုနွယ်လို တခြားဟင်းသီးဟင်းရွက်တွေနဲ့တွဲစားရင် ကျောက်ကပ် ကျောက်ကို ကြေစေနိုင်ပါတယ်။
ဓာတ်မတည့်မူမဖြစ်စေခြင်း
Saponin , Alkaloids ,Steroids , flavonoids , glycosides တို့ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ကို ဓာတ်မတည့်မူတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ရေယုန်နာ
ကင်းပုံရွက် ကို အရည်ညှစ် ရေယုန်နာပေါ်သို့ မကြာခဏ လိမ်းပေးခြင်းဖြင့် လျှင်မြန်စွာပျောက်ကင်းစေသည်။
အဖျားကျဆေး
ဖျားလျှင်အဖြစ် ကင်းပုံရွက်နဲ့နံစေ့ကို ဆတူရောပြုတ်ပြီး သောက်နိုင်သည်။ အမြစ်ကို အဖျားကျဆေး , ဝမ်းပျော့ဆေး အဖြစ် အသုံးပြုနိုင်သည်။
ကင်ဆာကာကွယ်ခြင်း
ကင်းပုံသီးရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေနဲ့ ဘီတာကယ်ရို တင်းကြွယ်ဝမူကြောင့်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ဒီ ဓာတ်တွေက အကျိတ်ဆဲလ်ကြီးထွားမူကိုနှိမ်နင်းနိုင်ပြီး ကင်ဆာဆဲလ်တွေပြန့်ပွားခြင်းကို တားဆီးနိုင်ပါတယ်။
နှလုံးကျန်းမာရေးအတွက်ကောင်းခြင်း
ကင်းပုံသီးမှာ ပိုတက်စီယမ် ကြွယ်ဝစွာပါရှိခြင်းကြောင့် သွေးလှည့်ပတ်မူကို ထိန်းညှိပေး ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။ နှလုံးရောဂါများ မဖြစ်အောင်ထကာကွယ် ပေးနိုင်ပါတယ်။နှလုံးခုန် မမှန်ခြင်းသက်သာ စေသည် – သွေးဖိအားကျပြီး နှလုံးရောဂါ ကင်းစေရန် ကင်းမုံရွက် ပြုတ်ရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်း လောက် သောက်ပေးပါ။
နို့တိုက်မိခင်များ
ကလေးငယ် မိခင်များ နို့ထွက်စေရန် လေရောဂါ သွေးဖောက်ပြန်သောရောဂါပန်းနာ ချောင်းဆိုးရောဂါများ ကင်းပုံသီးကို အသုံးပြုကြသည်။ ကင်းပုံရွက်ကို အဆုပ်ပြွန်ရောင် ရောဂါတွင် အသုံးပြုသည်။ ပင်စည် ပြုတ်ရည်ကို သလိပ်ရွှင်ဆေး အဖြစ်အသုံးပြုသည်။
သတိပြုရန်
ဆေးဖက်ဝင်တယ်ဆိုတိုင်းအလွန်အကျွံမစားသင့်ပါ ထိုက်သင့်သလောက် မကြာမကြာ စားလို့ရပေမယ့် ပမာဏများစွာဆက်တိုက်စားရင် ဝမ်းပျက် ဗိုက်နာ ဖြစ်နိုင်ပါတယ်။ မည်သည့်အစာမဆို တန်ဆေး လွန်ဘေးဆိုတာသတိရပါ။
Credit: ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ ဒေါက်တာသူရိန်လိူင်ဝင်း