SeeChoe

ဆီးချိုသမားအတွက်ဆေးနည်း

ဆီးချို  “ဘယ်လောက်ထိအောင်ဆီးချိုတက်နေလဲ”
“၄၀၀/၄၇၀ထိတက်တယ်ဗျာ””ဒီလိုလုပ်ဗျာ တောင်သုံးလုံးအဘိုးသံကို ကြားဖူးလား”
“ကြားဖူးတယ်..ဆေးဝိဇ္ဇာလို့နံမည်ကြီးတယ်”
“ဟုတ်တယ်…သူကျွန်တော်ဦးလေးကိုဆီးချိုကု ပေးတဲ့ဆေးနည်းရှိတယ်။ကျွန်တော်ဦးလေးတကယ်ကို သက်သာ ပျောက်ကင်းခဲ့တယ်”

ဆေးနည်း
# မာလကာရွက် (၅)ရွက်
# ကြက်သွန်ဖြူ (၁)ဥ
# ကြက်သွန်နီ(၁) ဥ
# သံပုရာ (၁)စိတ်
# ဆားအနည်းငယ် အဲ့ဒီ အမယ်တွေဟာ မြင်နေတွေ့နေရတာများလို့   သာအထင်သိပ်မကြီးကြတာ။ တစ်မယ်ခြင်းရဲ အကျိုးအသွားဂုဏ်စွမ်းအားတွေအများကြီးပဲ။ မာလကာရွက်မှာတင်စွမ်းအင်တွေအများကြီး၊ကြက် သွန်ဖြူ/နီ၊သံပုရာ၊ဆားအကုန်လုံးအစွမ်းကြီးလှတယ်။ အဲ့ဒါကို ရေ မတ်ခွက်တစ်လုံး(၃)ခွက်တစ်ခွက် ပြုတ်ပြီးနေ့စဉ်သောက်ခိုင်းတာ။အရသာက ဖန်၊သက်၊ခါး၊ချဉ် အဝါရောင်အရည်ပါ။ ဆေးပတ်လည်ပြီးဆိုတာနဲ့ဆီးချိုအတက်အကျ ကိုချိန်ကြည့် အံ့သြဖွယ်သက်သာပျောက်ကင်း တာကိုတွေ့ရလိမ့်မယ်။ အကုန် လွယ်လွယ်ကူကူပဲ။

ဆီးချို အခြေအနေမဆိုးသေးသောဝေဒနာရှင်အတွက်

(၁) မာလကာရွက် (၁၄/၁၅)ရွက်
(၂) ကြက်သွန်ဖြူ  (၁)လုံး ထိုနှစ်မျိုးကို ကြေညက်စီးပိုင်နေအောင်ထောင်း ရသည်ဆိုပါသည်။ပြီးလျှင် ပျားရည်စစ်စစ်သင့်ရုံထည့် သမအောင်ရောမွေပြီးရေအေးနှင့်မျှောချလိုက်ရန်ဖြစ် သည်။

အကယ်၍ဆီးချိုရောဂါတက်၍ (၄၀၀/၄၈၀)ရှိနေ မည်ဆိုလျှင်
(၁) မာလကာရွက် လက်တစ်ဆုပ်ခန့်
(၂) ကြက်သွန်ဖြူ(၃/၄)လုံး
(၃) ပျားရည်နည်းနည်းပိုထည့် အထက်ပါနည်းအတိုင်းလုပ်ဆောင်ပြီး ဆေးပမ္စာ များသည်အတွက်နှစ်ကြိမ်သုံးကြိမ်ခွဲ၍မှီဝဲ ပေးပါဟု ဆိုထားပါသည်။ ဆိုးရွားလှသော ဆီးချိုဝေဒနာရှင်တို့အတွက် ဒုတိယနည်းအတိုင်း မပျက်မကွက်(၁)လခန့်မှီဝဲ သွားပါက ဆီးချိုရောဂါသက်သာပျောက်ကင်း သွားမည်ဖြစ်သည်ဆိုပါသည်။ လူချင်းတူသော်လည်း ကံခြင်းမတူကြပါ။ထို့အတူ ရောဂါချင်းတူပါသော်လည်း သွေးသားသဘာ၀ ကွဲပြားကြပြန် ၍ ပျောက်ကင်းကြပုံမတူကြပါ။ မြန်မာတို့၏ ရှေ့ ပညာကြီးသူတို့ ညွှန်ပြပေးခဲ့သော  အဖိုးအခနည်းပါးလွယ်ကူစွာရရှိနိုင်သော အမယ််များဖြင့် ခံစားနေကြရသော ဆီးချိုရောဂါကို စွဲမြဲသော စိတ်ဖြင့်စမ်းသပ်ကုသနိုင်ပါ ရန် တင်ပြရေး သားမိ ပါသည်။ ရောဂါသက်သာပျောက်ကင်းပါကဝေငှပေးပါရန်။ နှစ်သက်ရာနည်းကိုရွေးချယ်နိုင်ပါသည်။

စာကိုး။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းအမှတ်(၃၆၃)၊ ဆီးချိုအတွက် စိတ်မပျက်နဲ့သိပ် ထက်မြက်တဲ့မြန်မာဆေး

Credit: ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Comment

Your email address will not be published. Required fields are marked *