ဆီးချိုကိုထိန်းညှိပေးနိုင်တဲ့ အပြင် ကျန်းမာရေး အကျိုးကျေးဇူး များတဲ့ စောင်းလျားသီး
အကျိုးကျေးဇူး များတဲ့ စောင်းလျားသီး
စောင်းလျားသီး မှာ ကယ်လိုရီပမာဏ အနည်းငယ်သာပါဝင်ပြီး အိုမင်းရင်းရော်မှုကို တားဆီးပေးနိုင်တဲ့ Antioxidant ဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ၊ ဗီတာမင် B နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်နေသေးလို့ ကျန်းမာရေးကိုလည်း များစွာအထောက်အကူပြုစေပါတယ်။
ဆီးချို
စောင်းလျားသီး မှာ သကြားဓါတ် အနည်းငယ်ပဲပါဝင်တာ ကြောင့် ဆီးချို ကို ထိန်းညှိပေးနိုင်ပါတယ်။ အဲဒီ အသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်ကလည်း အူထဲကနေ ဂလူးဂိုစ် စုပ်ယူမှုကို တားဆီးပေးနိုင်ပြီး သွေးတွင်း သကြားဓါတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
အမြင်အာရုံ
စောင်းလျားသီး မှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့်လည်း မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အိပ်မပျော်ခြင်း စောင်းလျားသီး မှာ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းမွန်စွာအိပ်စက်စေပါတယ်။ အိပ်မပျော်တာ ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်နေတဲ့အခါမျိုးမှာ စောင်းလျားသီးကို စားသုံးပေးနိုင်ပါတယ်။
အသားအရေ
စောင်းလျားသီး မှာ Flavonoids ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကျန်းမာ စိုပြေစေပါတယ်။ ဒါ့အပြင် သွပ် (Zinc) ဓါတ်ပမာဏ ကြွယ်ဝစွာပါဝင်တာကြောင့် ၀က်ခြံပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။
သတိပြုရန်
စောင်းလျားသီးမှာ Oxalic Acid နဲ့ Andcaramboxin ဓါတ်ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေကတော့ အထူးရှောင်ရှားသင့်ပါတယ်။ စားသုံးပေးရင် ပျို့အန်တာမျိုး ဖြစ်စေပါတယ်။ စတေတင် (Statin) ဆေး Opiates ဘိန်းပါတဲ့ဆေး Benzodiazepines (ဘင်ဇိုဒိုင်ယာပင်း) စတဲ့ဆေးတွေကို မှီဝဲနေသူတွေကတော့ ဒီအသီးကို မစားသင့်ပါဘူး။
CRD original writer