NoeNaNwin

ဆီးကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူမကြီးကင်ဆာ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတို့ကိုကာကွယ်ပေးတဲ့အပြင်၊ အသဲထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးတဲ့ နို့နနွင်းဖျော်ရည်။

ဆီးကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူမကြီးကင်ဆာ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတို့ကိုကာကွယ်ပေးတဲ့အပြင်၊ အသဲထဲက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးတဲ့ နို့နနွင်းဖျော်ရည်။

အိန္ဒိယလူမျိုးတွေ မှာ အနောက်တိုင်း အရှေ့တိုင်း နိုင်ငံပေါင်းစုံနဲ့ မတူတဲ့ ဆေးဘက်ဆိုင်ရာ အယူဝါဒတွေ ကြွယ်ဝတယ်။ သူတို့ဆီက ဆေးနည်းများစွာမှာ ထိပ်ဆုံးမှာ နံပါတ်တစ်နေရာ မှာ ရှိနေတဲ့ ဆေးတပါးကတော့ နို့နနွင်းပါပဲ ။နနွင်းဟာ ခန္ဒာကိုယ်နာကျင် ပင်ပန်းခြင်း ၊ဖျားနာကိုက်ခဲခြင်း ၊ အလုပ်ပင်ပန်းခြင်းတို့ အတွက် အထူးကောင်းမွန်တဲ့ ဓာတ်စာ ဖြစ်ပါတယ် ။အဆစ်မြစ်ယောင်နေတာတွေရှိရင် ဆေးသောက်စရာ မလိုပဲ ပျောက်သွားမှာပါ ။အစာအိမ်အချဉ်ပေါက်နေတာတွေ အစာမကြေဖြစ်နေတာတွေ အတွက်လဲ အလွန်ကောင်းတဲ့ ဆေးတပါးပါ။ ဗိုက်ပြည့်ဘိုက်ကယ်နေတာတွေအတွက်တော့နတ်ဆေးတပါးပါပဲ။
တခါတလေ ဘိုက်ပြည့်ဘိုက်ကယ်တာ နေရထိုင်ရခက်တဲ့အပြင်၊ လေးလံ ထိုင်မှိုင်းပြီး မပျော်တဲ့ ရောဂါ ကို ခံစားရပါတယ်။ လူကြည့်လိုက်ရင်လဲ ဖြတ်လတ်မှုမရှိပဲ ဘိုက်ကြီးပူပြီး အပင်ပန်းမခံနိုင်ဘူး ။ဒါဆိုရင် နို့နနွင်းသောက်ပါ ။အစာအိမ်တွင်းမှာ ရှိတဲ့ အပူနာတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ် ။မေ့လျော့ခြင်းများ ကိုလဲ သက်သာလာစေပါတယ် ။သဘာဝ အယောင်ကျဆေး ၊ သဘာဝ အင်တီဘိုင်အိုးတစ် ၊ သဘာဝအနာကျက်ဆေး ၊ သွေးသန့်ဆေး ၊ အသားအရေအတွက်အားဖြည့်ဆေး လဲဖြစ်ပါတယ် ။ချောင်းဆိုးခြင်းနဲ့ ဆုံဆို့ ကြက်ညှာချောင်းဆိုး တွေကိုလဲ သက်သာပျောက်ကင်းစေပါတယ်။

အက်ကဇီမား စတဲ့ အရေပြားယောင်ကမ်းယားနာတာတွေအတွက်လဲ အလွန်ကောင်းတဲ့ဆေးပါ။ ရင်သားကင်ဆာ၊ ပရိုစတိတ်လို့ခေါ်တဲ့ ဆီးကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူမကြီးကင်ဆာ၊ အကျိတ်ကင်ဆာ နဲ့ သွေးကင်ဆာတွေဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါတယ်။ အဆီခြေဖျက်နှုန်း ကို ကူညီပေးသလို ခန္ဒာကိုယ် အလေးချိန်ထိန်းခြင်းကိုလဲ အကူညီပေးပါတယ်။ အသည်းမှာ များလာတဲ့ အဆိတ်အတောက်တွေ ဖယ်ရှားရာမှာလဲ အသုံးဝင်တဲ့ အပြင် သွေးချို ဆီးချိုကိုလဲ ထိန်းချုပ်ပေးပါတယ်။ ကင်ဆာဝေဒနာသယ်များ အတွက် ကုထုံးဖြစ်တဲ့ Chemotherapy ခမ်မို ဓာတ်ကင်ခြင်းကြောင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးများတွေ့ရခြင်းကိုလဲ လျော့နည်းစေပါတယ်နော် ။ဒီလောက်ကောင်းတဲ့ နနွင်းဟာ သင့်လက်တကမ်းမှာ ရှိနေတာပါ ။ မသိသူကျော်သွား သိသူဖော်စားတဲ့ ။နနွင်းကို အဝင်ကောင်းအောင် လုပ်နည်း အမျိုးမျိုးတော့ ရှိမှာပါ ။ကတိသစ္စာတည်သောအခါ နွယ်မြင်သစ်ပင် ဆေးဘက်ဝင်သည်လို့ အဆိုရှိတဲ့ အတွက်ကြောင့် သစ္စာရှိသော ရောင်းတဲ့ အသည်ဆီက နနွင်းမှုန့် အစစ်ကိုတော့ ဝယ်ဘို့လိုပါလိမ့်မယ်နော်။
နို့မို့ရင် ဆန်မှုန့်ကို အဝတ်ဆိုးဆေး ဆိုးထားတာတွေနဲ့ တွေ့ရင်…. ပျောက်တော့ ပျောက်တယ် အသက်ဖြစ်နေပါဦးမယ်။ ဒီဆေးနည်းက အိန္ဒိယရိုးရာ ဆေးနည်းဖြစ်ပေမယ့် မြန်မာ့ ရှေးနည်းလဲဖြစ်ပါတယ် ။တိမ်မြုတ်ပျောက်ကွယ်နေတဲ့ Golden recipe လေးပါ ။ရှေးက မီးဖွားပြီးတဲ့ မိခင်တွေ အတွက် အပူအပုတ်တွေ စင်သွားအောင် နနွင်းကို လုံးပြီး ဒီတိုင်းသောက်ခဲ့ရတာပါ ။နနွင်းရဲ့ အာနိသင်တွေ က အင်တီဘိုက်အိုတစ် အင်တီဆက်ပတစ် ဖြစ်တယ် အယောင်အယမ်းကျတယ် ၊ အပုတ်စင်တယ် သွေးလည်ပတ်မှု ကောင်းတယ် ဆိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ပြန်လည် သုံးစွဲသင့်တဲ့ဆေးပါ။ အနာလဲ ကျက်တယ်၊ ဖောယောင်တာတွေလဲကျတယ်၊ လေနဲ့ ပတ်သတ်တဲ့ရောဂါတွေလဲ နိုင်ပါတယ် ဆိုတော့ ကျမတော့ ခလေးမွေးထားသူ မဟုတ်ပေမယ့် စမ်းသောက်ဘို့ ကြံစည်နေပါပြီ။

ဖျော်နည်းလေးကတော့ – နွားနို့နွေးနွေးလေးပဲဖြစ်ဖြစ် သာမာန် အပူချိန်ပဲဖြစ်ဖြစ်..တခွက်ပဲ အရင်ထည့်ပါမယ်။ ပျားရည်စစ်စစ် တဇွန်း (သို့) ကြိုက်သလောက်ထည့် အချိုကြိုက်ရင် ပိုထည့် နနွင်းမှုန့် စစ်စစ် ကော်ဖီ ဇွန်းဖျားလေးနဲ့တဝက်အနံ့မွှေးအောင် သစ်ဂျဘိုးမှုန့်လေး ဇွန်းဖျားလေးနဲ့ နဲနဲလေးဂျင်းမှုန့် စီးတီးမတ်မှာ ရနေပြီ အဲတာကလဲ ဇွန်ဖျားလေးနဲ့ ကိုယ်ကြိုက်သလောက်သာထည့် ကျမကတော့ဂျင်းကြိုက်တယ်။ပြီးရင် ခေါက်မွှေပြီးသောက်လို့ရပါပြီ ။ အဓိကကတော့ ဂျင်းရယ် နနွင်းရယ် နွားနို့ရယ် ပဲကျန်တာကတော့ အနံ့ရယ် အရသာရယ်က အဝင်ကောင်းအောင် လျှောက်ထည့်ကြတာပါ ။စမ်းသောက်ကြည့်လို့ အဆင်မပြေရင်တော့ နနွင်းကို ပျားရည်နဲ့တည်ပြီး အခြောက်လှန်းပါ။ အလုံးလေးတွေလုံးပြီးသောက်မယ်။ အမှုန့် မရသူတွေ အတွက် နနွင်းတတ် ဂျင်းတတ် နဲ့ ငရုပ်ကောင်းတွေကို နွားနို့ထဲထည်ု့ပြီး မီးအေးအေးလေးနဲ့ ပွက်လာတဲ့ အထိကျိုပါ။ ပွက်ပြီး ခဏလောက်နေမီးဖိုပေါ်က ချပြီး စားပွဲပေါ်မှာပဲ အအေးခံထားပါ။ နောက်အေးသွားပြီဆိုရင် နို့ထဲက အဖတ်တွေ ကိုဆယ်ထုပ်ပြီး ပျားရည်နဲ့ ရောသောက်နိုင်ပါတယ်။

credit – မူရင်း

Leave a Comment

Your email address will not be published. Required fields are marked *