
စင်ပေါ်မှာ မိန့်ခွန်းပြောနေစဉ် ဓါးဖြင့် ၁၅ ချက် အထိုးခံခဲ့ရတဲ့ နာမည်ကျော် စာရေးဆရာ
ဝတ္ထုရေးဆရာ Sir Salman Rushdie, 75 နှစ်သည် New York, Chautauqua ရှိ ပွဲတစ်ခုမှာ ဓားဖြင့်ထိုးခံရပြီး အယ်လ်ကိုင်ဒါရဲ့ နှစ်ပေါင်းများစွာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရဆုံးသူအဖြစ် ထိပ်တန်းစာရင်းဝင်ခဲ့ပါတယ်။ နာမည်ကျော်ပြီး အငြင်းပွားစရာကောင်းတဲ့ စာရေးဆရာဟာ စင်ပေါ်မှာ ပြောနေတုန်း အတိုက်ခံခဲ့ရပြီး လည်ပင်းမှာ ဒဏ်ရာများရရှိကာ ဓားဖြင့် ၁၅ ချက် အထိုးခံခဲ့ရကြောင်း သိရပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သူ့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း နယူးယောက် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

တိုက်ခိုက်သူ Hadi Matar ဟာ အသက် 24 နှစ်ရှိပြီဖြစ်ကြောင်း ဥပဒေစိုးမိုးရေးသတင်းရင်းမြစ် သုံးခုက NBC သတင်းမှာ ဖော်ပြခဲ့ပါတယ်။ တိုက်ခိုက်ခံရတုန်းက Sir Rushdie ဟာ Chautauqua Institution မှာ မိန့်ခွန်းပြောနေခဲ့တာပါ။ စင်ပေါ်မှာ တွေ့ဆုံမေးမြန်းသူကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ရဲတွေက အတည်ပြုထားပြီး မျက်မြင်သက်သေတွေက ဆိုရှယ်မီဒီယာမှာ အဖြစ်အပျက်ကို အသေးစိတ်ဖော်ပြခဲ့ကြပါတယ်။

ပြည်နယ်ရဲဌာနက သံသယရှိသူ အမျိုးသားတစ်ယောက်ဟာ Chautauqua Institution ရှိ စင်မြင့်ပေါ်ကို ပြေးသွားပြီး Sir Salman နဲ့ တွေ့ဆုံမေးမြန်းသူတို့ကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံးမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ သူရဲ့စာအုပ်ကိုဘာသာပြန်ရေးခဲ့တဲ့ စာရေးဆရာနှစ်ယောက်ဟာလည်း ၁၉၉၃ တုန်းက ဓါးထိုးခံရမှုနဲ့ သေခဲ့ရဖူးပါတယ်။
သတင်း အရင်းအမြစ်៖ Daily Star