KyoutKatSayNee

ငွေကုန်ကြေးကြနည်းသော ကျောက်ကပ်ဆေးနည်း

ငွေကုန်ကြေးကြနည်းသော ကျောက်ကပ်ဆေးနည်း

ကျောက်ကပ်ဟာအရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့အစာတွေထဲက အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနေရတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အလုပ်တော်တော်များများလုပ်ရပါတယ်။ အခုခေတ်မှာလူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ်။ရေဆာသလိုရှိတော့မှသာရေနဲနဲလောက်သောက်ကြလေ့ရှိပါတယ်။ တစ်ချို့လူတွေဆိုရင်ရေမသောက်ဘဲ လက်ဖက်ရည်၊ကော်ဖီလောက်ပဲ သောက်ကြပါတယ်။ အချိုရည်၊အအေးပုလင်းတွေ သောက်ကြသူတွေလည်းများပါတယ်။ အဲဒီ့အပြင်ယနေ့ခေတ်မှာစားရသောက်ရတာတွေကလည်းဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့အစားအသောက်တွေပဲဖြစ်နေပါတယ်။ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာ စီးပွားဖြစ်အထွက်တိုးဖို့ ဓာတုဆေးတွေကို အလွန်အကျွံသုံးစွဲကြတော့ လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ်။ စားရတာတွေကအဆိပ်တွေ၊ ရေသောက်တာကလည်း သိပ်နည်းကြတယ်ဆိုတော့ ကျောက်ကပ်ကအလွန်ပျစ်ချွဲနေတဲ့ အဆိပ်အတောက်တွေကိုနေ့စဉ်ဆေးကြောပေးနေရပါတယ်။ ကျောက်ကပ်ဆိုတာက သံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး၊ အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ။ နေ့စဉ်နေ့တိုင်းအဆိပ်ပြင်းတွေကို ဆေးကြောပေးနေရတဲ့ ကျောက်ကပ်ဟာကြာလာတော့ ဂျီးညှော်တွေကပ်ညိလာပါတယ်။ အဲဒီကနေကျောက်တွေဖြစ်လာပါတယ်။ ကျောက်တည်တဲ့အခြေနေမျိုးကိုရောက်လာပါတယ်။ နောက်ဆုံးမှာကျောက်ကပ်က အလုပ်မလုပ်နိုင်တော့ပဲ ပျက်စီးသွားတဲ့အထိဖြစ်သွားတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးအထိမဖြစ်ရအောင်ကျောက်ကပ်ကိုမကြာခဏဆေးကြောပေးဖို့လိုပါတယ်။ ဆေးနည်းလေးကရိုးရိုးလေးပါပဲ၊မခက်ပါဘူး၊ ကျောက်ဖယုံသီးကိုပဲအသုံးပြုပြီး ကျောက်ကပ်ကိုဆေးမှာဖြစ်ပါတယ်။ ဈေးကနေကြက်လည်ချောင်းရိုးအနည်းငယ် ဝယ်လာပြီးပြုတ်ပါ။ အရသာထည့်ပါ။ ကျောက်ဖယုံသီး၂စိပ် လောက်ကိုတုံးပြီးထည့်ပါ။ ကျက်ပြီဆိုရင် တရုတ်နံနံကိုထည့်ခတ်လိုက်ပါ။ ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ။ပန်းကန်ထဲထည့်ပြီးရင်သံပရာသီးတစ်လုံးညှစ်ထည့်ပြီးသောက်ပါ။ တစ်ပန်းကန်လုံးကုန်အောင် သောက်ပစ်လိုက်ပါ။ ဒါပါပဲ။ အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကို မကြာခဏသောက်ပေးခြင်းအားဖြင့် ကျောက်ကပ်ကကျောက်တွေသာမက ခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့ကျောက်တွေလည်းရှင်းလင်းသွားပါလိမ့်မယ်။ဝမ်းဗိုက်မှာပိုနေတဲ့အဆီတွေလည်းကျသွားပါလိမ့်မယ်။ ဒါဟာရှေးကတည်းက အရှေ့တိုင်းသားတို့သုံးခဲ့တဲ့အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တဲ့ နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

credit

Leave a Comment

Your email address will not be published. Required fields are marked *