GwayToutYwat

ဂွေးတောက်ရွက်  ခေါင်းအုံး

ဂွေးတောက်ရွက်  ခေါင်းအုံး

အမျိုးသမီးတယောက် အဲကွန်းခန်းထဲအိပ်ပျော်သွားတယ်။ ဘယ်လောက်အိပ်မိတာမသိပေမဲ့ အေးတာနဲ့နိုးလာတယ်။
အဲကွန်းပိတ်ပြီး ၁၀မိနစ်လောက်နှပ်နေသေးတာရေဆာတာနဲ့ ရေထပြီးသောက်လိုက်တာ (အိုးထဲကရေနော်) ကျောရိုးထဲက နေ ခေါင်းရဲ့နောက်စေ့ကို ဓားအချွန်နဲ့ထောက်ထားသလို ခံစားလိုက်ရတာ ၃နာရီလောက်နားပြီး ခေါင်းလျှော်ရေချိုးလုပ်ပေမဲ့ ဘယ်လိုမှမသက်သာပါ။ ဘာဆေးသောက်ရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲပေါ့ အမျိုးသားကလည်းခေါင်းနဲ့ဇက်ကိုနှိပ်ပေး ပေမဲ့မထူးခွားလာပါ။ နောက် အိပ်ယာဝင်ခါနီး ဆရာကြီးဦးရန်အောင်ရဲ့ပို့ချချက်ထဲကစကားကို ကြားယောင်မိလို့ ခွေးတောက်အရွက်ခြောက်လေးတွေကို ခေါင်းအုံးလေးလိုထည့်ပြီးဇက်ကြောတက်ရင်ဇက်ကို၊ ပေါင်ကိုက်ရင်ပေါင်အောက်ကို၊ လက်ကိုက်ရင် လက်အောက်ကို၊ ခေါင်းကိုက်ရင်ခေါင်းအုံးအိပ်ပါ လို့ကြားဘူးတယ်။ ဒါကိုပြန်သတိရ ပြီးအရိပ်ခြောက်လုပ်ထားတဲ့ဂွေးတောက်ရွက်ကလည်း အဆင်သင့်ရှိလေတော့ ခေါင်းအုံးအိပ်လိုက်တာ ပထမတစ်နာရီ ဒုတိယတစ်နာရီ တတိယတစ်နာရီ သိသိသာသာ ပျောက်ကင်းသွားပါတယ် လို့ဖတ်လိုက် ရလို့တိုက်ဆိုင်သူ များ အသုံးပြု နိုင်ရန်ပြန်လည်မျှဝေ မိပါသည်။

Credit ဘကြီးသူ

Leave a Comment

Your email address will not be published. Required fields are marked *