ဂျိုင်းနံ့ ထွက်သူများအတွက်သဘာဝဆေး
ဂျိုင်းနံ နံခြင်း
တချို့လူတွေအတွက် အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်။
နည်းလေးမျှဝေပေးလိုက်ပါတယ်ရှင့်။
မန်ကျည်းအနှစ်ကို မျက်နှာ ချေးချွတ်တာ ကိုယ်လုံးချေးချွတ်တာအပူကင်းစင်ဖို့ အပြင် “ဂျိုင်းနံ့နံတဲ့သူ”တွေပါ သုံးလို့ရပါတယ်။
ဂျိုင်းနံနံသူများအတွက်အဓိက ထားဝေမျှလိုက်ပါတယ်
ရေချိုးခါနီး ၅ မိနစ် လောက် လက်ဖက်ရည်ဇွန်းတဝက်လောက် ပွတ်လိမ်းပြီး ရေဆေးချလိုက်ရင် လုံးဝ အနံ့မနံတော့ပါဘူး တနေကုန် roll on လိမ်းစရာမလိုအောင် အနံ့ မနံတာပါဂျိုင်း ချွေးထွက်နေရင်တောင် ဂျိုင်းနံ့ကနံမနေပါဘူး။
နေ့စဉ် ရေချိုးခါနီးတိုင်း သုံးလို့ရသလို တနေကုန်မေ့ပြီး ပွတ်ထားမိလည်း ယားတာ စပ်တာဘာမှမဖြစ်ပါဘူး ဒါပေမဲ့ ရေချိုးခါနီး ပဲ ပွတ်တာပိုကောင်းပါတယ် တန်ဆေးလွန်ဘေးမဖြစ်အောင်ပါဂျိုင်းနံပျောက်တဲ့အပြင် ဂျိုင်းလည်း ဖြူပါတယ်။
Roll on တွေကတော့ ဘာလိမ်းလိမ်း အပေါ်ယံပဲ ဖုံးပေးတဲ့အတွက် ကျွန်မကတော့ မကြိုက်ပါဘူးသံပုရာသီးဆိုရင် ပွတ်လိမ်းတာနဲ့ စပ်ပါတယ်။
ကျောက်ချဉ်ဆိုရင်လည်း ကျောက်ပျဉ်မှာ သွေးလိမ်းနေရတာရယ် ကျောက်ပျဉ်ပြန်ဆေးချရတာ ရှုပ်ပါတယ်။
မန်ကျည်းသီးကတော့ အနှစ်လေး နည်းနည်းဖျော်ပြီး ဘူးပိစိလေးထဲထည့်ထားရင် ၃ ရက်လောက်ခံပါတယ်။
ရေခဲသေတ္တာထဲထည့်ရင် ၁ လ လောက် ခံပါတယ်။
ခန္ဓာကိုယ်အပူများတဲ့သူတွေအတွက်က မြန်မာ့တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်က မန်ကျည်းနှစ်ကို ရေမချိုးခင် လက်တွေ ခြေတွေမှာ လူးထား ပြီးမှ ရေချိုးရင် အပူကင်းတဲ့အကြောင်းလည်း MRTV မှာဝေမျှထားပါတယ်။
အပူများတဲ့သူတွေလဲ ဒီနည်းအသုံးပြုလို့ရပါတယ်။ သိတဲ့သူတွေလည်း သိမယ်ထင်ပါတယ်မသိသေးသူတွေ အတွက် လွယ်ကူတဲ့ နည်းလေးမို့ မျှ ဝေပေးလိုက်ပါတယ် အဆင်ပြေကြပါစေရှင်။
Credit မြန်မာတိုင်းရင်းဆေး