Gyin

ဂျင်းစားဖို့ မသင့်တော်တဲ့ လူ ၄မျိုး

ဂျင်း စားဖို့ မသင့်တော်တဲ့သူတွေက ဘယ်သူတွေလဲ”

ဂျင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ အခုတလော ခေတ်စားနေတဲ့ ကိုယ်အလေးချိန်ကျစေတဲ့ မနက်စောစော သောက်ရမယ့် အရည်မှာ သံပုရာရည်နဲ့ ဂျင်းပါဝင်ပါတယ်။ ဒီအတွက် သတိထားစရာ တစ်ခု ရှိပါတယ်။ ဂျင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေသော်လည်း လူတိုင်းအတွက်တော့ မဟုတ်လှပါဘူး။ အန္တရာယ် ဖြစ်စေနိုင်မယ့် လူတွေ ရှိပါတယ်။ သူတို့အတွက် ဂျင်းဟာ သတိထားစရာ တစ်ခု ဖြစ်ပြီး ရှောင်ရမယ့် အရာလည်း ဖြစ်ပါတယ်။
ဂျင်းကို အလွန်အကျွံ မစားသင့်တာ ဘယ်လိုလူတွေလဲဆိုရင် ….

ကိုယ်ဝန်ဆောင်သည်

ဂျင်းကို ဟင်းချက်တဲ့အထဲ ထည့်ချက်တာလောက်က ပြဿနာမဟုတ်ပေမယ့် ဂျင်းပြုတ်ရည်သောက်တာ ဂျင်းဖျော်ရည်သောက်တာမျိုးတွေကိုတော့ ကိုယ်ဝန်ဆောင်တွေ သောက်လို့ မရပါဘူး။ ကိုယ်ဝန်အတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ မသောက်သင့်ပါဘူး။

ကိုယ်အလေးချိန် အလွန်နည်းပါးသူတွေ

ဂျင်းဟာ အဆီတွေကို လောင်ကျွမ်းစေပြီး ကိုယ် အလေးချိန် ကျစေနိုင်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် ကိုယ်အလေးချိန် နည်းပါးသူတွေ အနေနဲ့ မစားသင့်ပါဘူး။ ကိုယ်အလေးချိန်နည်းပါးသူတွေကို Underweight လို့ ခေါ်ပါတယ်။ အလွယ်တကူ မှတ်သားရင်တော့ ပေါင် ၁၀၀ အောက်တွေပါ။

သွေးနဲ့ ပတ်သက်တဲ့ ပြဿနာ ရှိသူတွေ

သွေးနဲ့ ပတ်သက်ပြီး ရောဂါ ရှိသူတွေ အတွက်လည်း မသင့်တော်ပါဘူး။ ဥပမာ သွေးကျဲပြီး သွေးထွက်များသူတွေပါ။ ဂျင်းဟာ သွေး လည်ပတ်မှုကို ကောင်းစေပြီး သွေးကို အနည်းငယ် တိုးစေပါတယ်။
ဆေးကုသမှု ခံယူနေသူတွေ သွေးရောဂါသည်တွေနဲ့ ဆီးချိုရောဂါသည်တွေ အနေနဲ့ ဂျင်းဖျော်ရည်ကို မသောက်သင့်ပါဘူး။

Credit To: Medical News Today

Leave a Comment

Your email address will not be published. Required fields are marked *