Dogs2

ခွေးမွေးထားရင် သိထားသင့်သော ခွေးနိမိတ်များ (သတိထားကြည့်ပါ)

ခွေးနိမိတ်

Dogs2

၁။ သမီးရည်းစား လင်မယား နှစ်ယောက် တွဲလျှောက်နေတဲ့ကြား ခွေးဖြတ်ဝင်ရင် အဲ့အတွဲ မကြာခင် ရန်ထသတ်တတ်ပါတယ်။
၂။ မိန်းကလေးတွေ ခြေထောက်ကြား ခွေးဖြတ်တိုးရင် သူ့ကို မကြာခင် အဖေ ဆူမလား၊ လင် ရိုက်မလား တစ်ခုခုပါပဲ။
၃။ မွေးစကလေးကို ခွေး လျှာနဲ့ လျှက်သွားရင် အဲ့ကလေး ဆေးစွမ်းပါတယ်။ (နေမကောင်းရင် သူ့ ဆေးတိုက်ခိုင်းပါ။)
၄။ ပျောက်ခဲတဲ့ အနာကို ခွေး လျှာနဲ့ လာလျှက်ပေးရင်း ဆေးကုပေးတာပါ။ မကြာခင် ပျောက်သွားတတ်ပါတယ်။
၅။ အိမ်လာတဲ့ ဧည့်သည် ခွေး မျက်ခြေပြတ်မခံ ရန်စောင်နေရင် အဲ့ဧည့်သည် အကြံဆိုးကြီးနဲ့ လာလို့ပါ။ သတိထားပါ။
၆။ ဘာမှမရှိတဲ့နေရာ ခွေး စူးစူးစိုက်စိုက် ကြည့်နေရင် နာနာဘာ၀ တွေ့လို့ပါ။ လှုပ်တာနဲ့ သူ့ဘက်မလာအောင် ထဟောင်ပါလိမ့်မယ်။
၇။ ဘယ်ခြေနဲ့ ခွေးချေး နင်းမိရင် ကံကောင်းတတ်ပြီး ညာခြေနဲ့ နင်းမိရင်တော့ ကံဆိုးတတ်ပါတယ်။
၈။ ခွေးလေခွေးလွင့် အိမ်အထိ တကောက်ကောက် လိုက်လာရင် အကျိုးပေးပါတယ်။ မွေးထားပါ။ ခွေးနက်ဆို ပို ကောင်းပါတယ်။ (မိုးရွာထဲမှာ ခွေးကိုယ့်နောက် လိုက်လာရင် အလိုက်မခံပါနဲ့။ နိမိတ်မကောင်းပါ။)
၉။ ကိုယ်မသိတဲ့ ခွေးစိမ်း ခပ်တည်တည် အိမ်ပေါ်တက်လာရင် မိတ်ဆွေကောင်း မကြာခင် ရတတ်ပါတယ်။
၁၀။ ခွေးတွေ ကျိုကျိုကြားကြား ပုန်းအိပ်နေရင် လေမိုး ပြင်းထန်တတ်ပါတယ်။
၁၁။ ခွေးမြက်စားရင် မကြာခင် မိုးကျပါတော့မယ်။
၁၂။ မမာတဲ့သခင်အနား ခွေးလာကပ်တာ သူ အနှောင့်အယှက် မြင်လို့ စောင့်ပေးတာပါ။ မောင်းမထုတ်ပါနဲ့။
၁၃။ လူမမာရှိတဲ့ အိမ်ကို လမ်းကခွေးတွေ မောင်းမရအောင် ဝိုင်းဟောင်နေရင် အဲ့လူမမာ အထူးဂရုစိုက်ပါ။
၁၄။ ကိုယ့်ခြံထဲမှာ ခွေးတွင်းနက်နက် တူးရင် အတူးမခံပါနဲ့။ လူသေတတ်ပါတယ်။
၁၅။ တစ်ကိုယ်လုံးမှာထိပ်ပဲ ကွက်ဖြူနေရင် အိမ်ပြောင်းတောင် အဲ့ခွေးအပါ ခေါ်သွားပါ။ ဘယ်နေရာ ရောက်ရောက် အဆင်ပြေပါတယ်။
၁၆။ မနက်စောစော ကိုယ့်ကို ခွေးဟောင်ခံရရင် အဲ့နေ့ အတွက်တော့ ကံမကောင်းတော့ပါဘူး။
၁၇။ ည အပြင်ထွက်တုန်း ကိုယ့်ရှေ့ ခွေးမဲဖြတ်ပြေးရင် အန္တရာယ်တစ်ခုခု ကြုံတတ်ပါတယ်။ သတိနဲ့ သွားပါ။
၁၈။ ညမှောင်မှောင်မှာ ခွေးမဲ ကြောင်မဲ လုံး၀ လိုက်မရိုက်ပါနဲ့။ ကံဆိုးခြင်းတွေ ကိုယ့်ဆီ ရောက်လာတတ်ပါတယ်။
၁၉။ အိပ်မက်ထဲ ခွေးလိုက်လို့ ပြေးရရင် သင် ပူပန်နေတဲ့ ပြဿနာတွေ မကြာခင် ပြီးသွားပါတော့မယ်။
၂၀။ အိပ်မက်ထဲ ခွေးကိုက်ခံရရင် သင့်ကို မကျေနပ်သူ ရှိနေလို့ပါ။ အုပ်လိုက်ဝိုင်းဆွဲ ခံရရင်တော့ အလုပ်ထဲကလူတွေ သတိထားပါတော့။

Credit-Original Uploader

Leave a Comment

Your email address will not be published. Required fields are marked *