ခြေဖဝါး လက်ဖဝါး သဲဝဲ( ရေဝဲ )စားနေလျင်
မြစ်ချောင်းကမ်းနား အလုပ်လုပ်သူများ၊ အချို့သော တောသူတောင်သားများ၊ တပ်မတော်သားများ ဗွက်ရေ၊ မိုးရေထဲ ခရီးသွားကြရ၍ ခြေချောင်းလေးများကြား မကြခဏ သဲဝဲစားခြင်းမျိုး ကြုံတတ်ကြပါသည်။ သဲဝဲ ( ရေဝဲ )ဟာ ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုး ဖြစ် ပါသည်။ ကိုယ်တိုင်လည်း ကြုံဖူးပြီး ခြေထောက်မ ထောက်နိုင်အောင် ခံစားရပါသည်။လက်တွေ့လွယ်ကူစွာ သက်သာပျောက်ကင်းခြင်း မြန်လှသော ဆေးမြီးတိုလေးအား မျှဝေလိုက်ပါသည်။
ငှက်ပျောဖူးမှ အပြင်ဘက်သို့ကွာကျနေသည့် အဖက်တစ်လက်ကို မီးရှို့ပြီး ပြာချလိုက်ပါ။ထိုပြာနုလေးကို အုန်းဆီလေးနှင့် ဖျော်ပြီး ခြေချောင်းလေးများ၊ ခြေချောင်း အောက်ခြေနှင့် ခြေဖဝါးတို့ အား လိမ်းပေးလိုက်ပါ။ (၂)(၃)ရက်အတွင်း ပျောက်ကင်းပါသည်။ မကြာခဏ ကြုံတွေ့ရသော သဲဝဲအတွက် လွယ်ကူစွာဖြင့် ပျောက်ကင်းသည့်ဆေးနည်း လေးဖြစ်ပါသည်။ အချို့ သွားတိုက်ဆေးသိပ်ပါသည်။
သက်သာသလိုရှိသော်လည်း မြန်ဆန်စွာ မပျောက်ကင်းပါ။ အချို့က အာလူးစိမ်းကိုလှီးပြီး သဲဝဲပေါ် မကြာခဏ ကပ်ပေး၍လည်း ကုသကြပါသည်။ သိတော့လည်းအလွယ်လေးပါ။
လိုသူတို့သုံးနိုင်ကြပါစေ။
Credit-ရဲမျိုးသူ(ဗောဓိမြိုင်)