KhaTwinHnant

ခံ တွင်း ပုတ် အနံ့ နံနေသူများအတွက်နည်းလမ်းကောင်း

ခံ တွင်း ပုတ် အနံ့ နံနေသူများအတွက်နည်းလမ်းကောင်း

ခံတွင်းပုတ် အနံ့ သည် လူတယောက်အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။
ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည်။

ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သောရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။
ထိုရဟန်းသည် စကားပြောသောအခါတွင်ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်။ ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည်။
အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည်။

ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်။ ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည်။

ဖော်စပ်နည်းမှာ

၁) သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်။
၂) ပိုင်းထားသော သံပုရာသီးအား အရည်ညှစ် ရပါမည် ဖန်ခွက်တွင်ထည့်ထားပါ။
၃) အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်။
၄) ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန်မျက်နှာချင်းဆိုင် ဆက်စေပါသည်။
၅) ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်းအား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်။
၆) သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာအအေး ခံထားပါ မီးသွေးခဲကဲ့သို့ဖြစ်ပါသည်။
၇) ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက်အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်။
၈) အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အားသံပုရာရေတွင် ရောမွှေ ၍ သမထားပါ။

မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ်လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည် တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်။
နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက် သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည်။

သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်

Credit

Leave a Comment

Your email address will not be published.

//thaudray.com/4/5314809