ကြွက်နို့ နဲ့ ငါးမျက်စိ အတွက် အိမ်တွင်းဖြစ် ဆေးနည်းကောင်း
ငါးမျက်စိ ရောဂါ ကို အင်္ဂလိပ်လို Cron ခေါ်ပါသည်။ ငါးမျက်စိ ရောဂါ (molluscum Contagiosum) သည် အရေပြား ပေါ်တွင်ဖြစ်ပေါ်နေသော အဖုလေး အလုံး လေးများဖြစ်ပါသည်။ ညှစ်လိုက်ပါက အဖုလုံးလေးများမှ အဆံလေးများထွက်တတ်ပါသည်။ ကူးစက်မှုလွယ်ကူပြီး ထိမိ၊ဖိမိက နာလှပါသည်။ ခန္ဓာကိုယ် အနှံအပြားတွင်လည်း ပေါက်တတ်ပါသည်။ သို့သော် ငါးမျက်စိသည် ခြေထောက် တွင် ပေါက်သည်ကများပါသည်။အချို့က အသားမာ ဟု လည်း ခေါ်သည်။
ကြွက်နို့(Wart)ခေါ်သည်။ ကြွက်နို့ဟာ HPI လို့ခေါ်ကြသည့် Human Papilloma Virus ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ HPI ဗိုင်းရပ်စ် အမျိုးအစား(၈၀) ကျော်ကြောင့် ကြွက်နို့ ဟာ လူခန္ဓာ အနှံ့ပေါက်တယ် လို့ဆိုပါသည်။ မြန်မာ တိုင်းရင်းဆေးနည်း တစ်ခုဖြင့် ကြွက်နို့ ၊ ငါးမျက်စိ ရောဂါကို အသေအချာပျောက်ကင်းပါသည်။
နည်းလမ်းကတော့
၁။ ကွမ်းစားထုံး (ဖေါက်ထုံး) ကွမ်းသီးတစ်လုံးစာ
၂။ ဂျင်း (၁)ကျပ်သား တစ်တက်
၃။ ကြက်သွန်ဖြူ ဥ (၁)ဥ အိမ်တွင်း လွယ်လွယ်ကူကူ ရရှိစေသော အမယ်(၃) မျိုးဖြစ်ပါသည်။
ထိုသုံးမျိုးကို ညက်အောင် ထောင်းပြီး ငါးမျက်စိ (သို့)၊ ကြွက်နို့ပေါ်သို့ အုံ၍ ပတ်တီးစည်းထားရပါသည်။ (၁၀) မိနစ်ကြာလျှင် ငါးမျက်စိ ၊ ကြွက်နို့ သည် အသားပေါ်သို့ မသိမသာကြွ၍ တက်လာပါသည်။ ထိုအခါ လက်ဖြင့်ကိုင်ကာ ဆွဲနုတ်လိုက်ပါက အမြစ်အုံပါ ကျွတ်၍ ပါလာမည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရမည်ဖြစ် ပါသည်။
Credit