ကြွက်နို့အတွက်(သြလောက်အောင်ကောင်းတဲ့ ဆေး)
မိသားစု ထဲတွင် ကြွက်နို့ ပေါက်ကြ၏။ နည်းမျိုးစုံဖြင့်ဖယ်ရှားသော်လည်း ခဏတဖြုတ်သာပျောက်၍ပြန်ဖြစ်ကြသည်။
ကြွက်နို့ပျောက်ဆေးရှိသည် ဟုပြော၍ ဆေးဆိုင်တွင်သွား၀ယ်၏။ထုံးစံ အတိုင်း ခဏသာလျှင် ပျောက်၏ပြန်ပေါ်လာပြန်၏။
ဆေးဆိုင်သို့သွားရပြန်၏၊ ဆေးရောင်းသူ မှတ်မိနေပါပြီ။ သည်တော့မှ ဆေးရောင်းသူက သူကိုယ်တိုင်ဖြစ်ခဲ့ဖူးပြီးပျောက်ကင်းခဲ့ပြီးဖြစ်၍ အသုံးတည့်မည့်ဆေးကို(သူ၏စီးပွားရေးကိုမငဲ့ဘဲ)စေတနာရှေ့ထား၍ ညွှန်းပေးလိုက်ပါ၏။

မယုံတစ်၀က်၊ယုံတစ်၀က် ဖြင့်အသုံးပြု ကြည့်ရာတွင် အံံ့သြလောက်စရာ ကြွက်နို့များ ဘယ်ရောက်သွားသလဲ…မပြောတတ်တော့ပါ။ ဆေးနည်းမှာ ကျောက်သင်ပုန်းချေရွက်(အခေါ်အဝေါ် လွဲနိုင်ပါသည်)ကိုချေ၍အနံံ့ ကိုရှူပေးယုံသာဖြစ်ပါသည်၊နေ့တိုင်း တတ်နိုင်သလောက်ရှူ ပေးခြင်းဖြင့် (အထင်)တစ်လ လောက်ခန့်တွင်မှ သတိပြုကြည့်မိရာ ကြွက်နို့များ ပျောက်သွားသည်ကိုသိလိုက်ရပါသည်။
လက်တွေ့ ဖြစ်ပါသည်။ ဘယ်လိုကြောင့် ဘာကြောင့်မသိ၊ပျောက်သွား သည်ကအမှန်ဖြစ်ပါ၏။ စရိတ်မရှိ၊မပင်ပန်းသောနည်းဖြစ်ပါ၍ စိတ်၀င်စားမှု ရှိပါကစမ်းသပ်ကြည့် ကြစေလိုပါသည်။