KyoutChin

ကျောက်ချဉ်နက် ရဲ့ ဆေးဖက်အသုံးဝင်ပုံများ

ကျောက်ချဉ်နက် ရဲ့ ဆေးဖက်အသုံးဝင်ပုံများ

ကျောက်ချဉ်ရဲ့ ဆေးအသုံးလေးတွေကို ဖတ်မှတ်ထားသမျှ ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပေးချင်ပါတယ်။ထိခိုက်ဒဏ်ရာ ၊ ဓားရှခြင်း – ထိခိုက်မိ၍ ဒဏ်ရာ အနာတရဖြစ်ခြင်း၊ အရေပြား၌ သွေးခြည်ဥခြင်း၊ ဆံပင်၊ မုတ်ဆိတ်ရိတ်၍ ဓားရှခြင်းအတွက် ကျောက်ချဉ်ကို ရေသန့်သန့်နှင့် သွေး၍ လိမ်းပါ။
မိတ်ယားခြင်း၊ နှင်းခူအစို၊ အဆိပ်ရှိ ပိုးမွှားများကိုက်ခြင်း – မိတ်ပေါက်၍ ယားယံပါက ကျောက်ချဉ်ရေကျဲကျဲ ဖျော်လိမ်းပါ။ အဆိပ်ရှိ ပိုးမွှားများ ကိုက်ပါက ပျစ်ပျစ်ဖျော်လိမ်းပါ။ နှငျးခူအစိုကျို ကျောက်ချဉ်မှုန့် ဖြူးပေးပါက ခြောက် သွားပြီး အယားသက်သာစေပါ၏။
အဆီကျ၊ အသားကျစ်စေရန် – ကျောက်ချဉ်ကို အမှုန့်လုပ်၊ ဒယ်အိုးထဲထည့်၊ မီးအပူ တိုက်ပေးပါက ထုံးလို ဖွေးဖွေးဖြူသောအမှုန့်(ကျောက်ချဉ် မီးဖောက်) ကိုရ၏။
ထိုအမှုန့်(၁)ရွေးသား နေ့စဉ် မှန်မှန်စား ပေးပါက အဆီကျ၊ အသားကျစ်စေပြီး ပိန်စေသည်ဟု သိရပါ၏။

မျက်စိရောဂါ ၊ နားရောဂါ – မျက်စိနာ၊ မျက်ခမ်းစပ် နှင့် မျက်စိစွန်ပါက ကျောက်ချဉ်ရေ ကျဲကျဲ ခပ်ပေးနိုင်ပါ၏။
နားပြည်ယို၊ နားကိုက်ပါက ကျောက်ချဉ်ရေ ကျဲကျဲ တစ်စက် နှစ်စက် ခန့် ထည့်ပေးပါ။
အိပ်မပျော်ရောဂါ – ကျွဲနို့မလိုင် နှင့် ကျောက်ချဉ်မှုန့် အနည်းငယ် ရောစပ်ပြီး သောက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါ သည်။

ခံတွင်းနံ့ မကောင်းခြင်း – ဝမ်းတွင်း အပူအပုပ် မစင်၍ ဖြစ်စေ၊ သွားဖုံးနှင့်သွားများ မကောင်း၍ ဖြစ်စေ ခံတွင်းနံ့ မ ကောင်းဖြစ်ပါက ဆားဆိုဒါ နှစ်ဆ၊ ကျောက်ချဉ်တစ်ဆ ရောပြီး မှုန့်ညက် နေအောင် ကြိတ်ပေးပါ။သွားဖုံးကို အသာအယာ ပွတ်တိုက်ပါ။
သွားတိုက်တံသုံးစရာမလိုပါ။ ပြီးလျင်ရေဖြင့် ပလုတ်ကျင်းပစ်ပါ။ မကောင်းတဲ့ အနံ့တွေပျောက်သွားရုံမက သွားဖုံးနှင့် သွားများပါ သန့်ရှင်းသွားပါမည် ။ သွားပိုးစား၊ သွားကိုက်ခြင်း -သွားပိုးစား သွားကိုက်ပါက ကျောက်ကျဉ်ကို အမှုန့်ကြိတ်၍ ကိုက်သောနေရာသို့ အုံပေးပါ။ မကြာခင် သက်သာပါမည်။

ရိုးရိုး အနာဖုလုံး၊ အကြိတ်လုံး – အရေပြား၌ အဖုလုံး ၊ အကျိတ်လုံး ထွက်လာပါကကျောက်ချဉ်မှုန့် (၁)ဆ၊ ပျားရည်(၂) ဆ သမအောင် ရောပါ။ ထိုဆေးရည်ကို အကျိတ်အဖုတို့ အပေါ်၌ ထူထူလေး သုတ်လိမ်းပြီး ပတ်တီးစလေး အသာကပ်ပေးပါ။ နုလျှင်ပိန်၍ ရင့်လျှင်ပေါက်ပြီး ပျောက်ကင်းပါမည်။
သွားဖုံးရေစီးကမ်းပြိုဖြစ်၍ သွေးထွက်ခြင်း – သွားဖုံးရေစီးကမ်းပြိုလိုက်ပြီး သွေးခဏခဏ ထွက်နေပါက ကျောက်ချဉ်နှင့် တမာရွက်ကို ရောကြိတ်ပြီးသွားဖုံးတစ်လျှောက် အသာပွတ်ပေးပါ ။နှာခေါင်းသွေးလျှံခြင်း -နှာခေါင်းသွေးလျှံပါက ဝါဂွမ်းကို ကျောက်ချဉ်ရေဆွတ်ပြီး နှာခေါင်းဝ၌ အသာဆို့ထားပါ။
ယင်း အခိုက်အတန့်၌အသက်ကို ပါးစပ်နဲ့ ရှူပေးပါ။ မကြာခင် သွေးတိတ်သွားပါလိမ့်မည်။

ဆီးရောဂါ – ကျောက်ကပ်သာ မချွတ်ယွင်းပါစေနှင့်။
မည်သည့်ဆီးရောဂါမဆို သက်သာစေနိုင်ဧ။်ဟု ဆိုပါသည်။
ကျောက်ချဉ်ကို အမှုန့်ကြိတ်၊ အချိန်ဆတူရှိသော လက်ဖက်နှင့် ရောကြိတ်ပါ။ကြိတ်ပြီးသားဆေးကို ဆီးသီး ခပ်ငယ်ငယ်ခန့် အရွယ်လုံးထားပြီး တစ်နေ့တစ်လုံးစားပေးပါ။ သက်သာ ပျောက်ကင်းပါမည်။
မှတ်ချက် ။ ဆန္ဒရှိ၍ အသုံးပြုလိုပါက ကျွမ်းကျင်တဲ့ဆရာသမားရဲ့ ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်ဟာ တန်ဖိုးနည်းပါးပြီး လွယ်ကူထိ ရောက်တဲ့ ဆေးတစ်လက်ဖြစ်တာမို့ အိမ်တိုင်း အလွယ်တကူ ဆောင်ထားသင့်ပါတယ်။

ကျွဲနို့ပေါက်နေလို့စိတ်ညစ်နေသူများကျောက်ချဉ်အစစ်ကို ရအောင်ရှာပြီးအနည်းငယ်ထုခြေပြီးရေစွပ်ပြီးကျွဲနို့ကိုဂွမ်းန့၃ မိနစ်အုံထားလိုက်ပါ ပြီးရင်စွဲနှတ်လိုက် အမြစ်လိုက်ကြွတ်ထွက်လာပါလိပ်မည်။
သွားနှင့် ကျောက်ချဉ်နက် – ကျောက်ချဉ်နက်သည် အလွန်တွေ့ရခဲသော ပစ္စည်းတစ်မျိုးဖြစ်သည်။ တွေ့လျှင်လည်းရယူရန် အလွန်ခက်ခဲလှပေသည်။ထိုအစွမ်းသတ္တိထက်မြက် သော ကျောက်ချဉ်နက်ကိုတွေ့ရှိပါက နွားနို့ရည်နှင့်လောင်းပြီး၊ ကျွဲဖြူ၏ ချိုဖြင့်တူးဖော်ယူရသည်။

သို့မှသာ ထက်မြက်သော ကျောက်ချဉ်နက်၏ စွမ်းရည်တို့ကိုမပျောက်မပျက် တည်ရှိနေရမည်ဖြစ်ပေသည်။
ကျောက်ချဉ် နက်ဟူသည်မှာ ကျောက်သားမှချဉ်နေခြင်းဖြစ်ပြီး ကျစ်လျစ်သိပ်သည်း မာကျောနေတတ်၏။
ထို့ကြောင့်တွေ့ရှိသည့်တိုင်အောင် အစွမ်းသတ္တိမပျက် သောကျောက်ချဉ်နက်ကို ရရှိနိုင်ရန် ခဲယဉ်းပါသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ထိုကျောက်ချဉ်နက်သည် လူ့ဘဝြကီးတစ်လျှောက်လုံးတွင် အဆိုးရွားဆုံး သောအဖျက်တကာထိပ်ခေါင် ဇိရဏတေဇော၏ အဖြစ်မှန်သမျှတို့ကို ချေဖျက်ပြေဖျောက်နိုင်စွမ်းရှိသည့်အတွက် ဆံပင်တို့ခိုင်မာခြင်း၊စိုပြည်ခြင်း၊ ဆံပင် ဖြူများ ပြန်မည်းခြင်း၊ မဖြူသေးလျှင်လည်းရှေ့ကိုမဖြူတော့ခြင်းဟူသော အကျိုးမျိုးကိုလည်းကောင်း၊ အရိုးအကြောစသည်များတောင့်တင်းခိုင်မာ သန်စွမ်းကြသည့် အကျိုးတရားတို့ကိုလည်းကောင်းရရှိကြမည်ဖြစ်ပေသည်။ထိုကျောက်ချဉ်နက်တွင်လည်း သာမန်မျှချဉ်ပြီး ဖြူနေသော ကျောက် ချဉ်၊နီနေသော ကျောက်ချဉ်၊နက်နေသော ကျောက်ချဉ်ဟု ၃-မျိုးကွဲပြားနေသည်ကို. တွေ့ရသည်။အဖြူ၊ အနီ၊ အနက်တို့၏ သဘာဝတွင် အဖြူထက် အနီသည်လည်းကောင်း၊အနီထက် အနက်သည်လည်းကောင်း၊ ပိုမိုအစွမ်း ထက် အရာရောက်ကြသည့် အားလျော်စွာထိုကျောက်ချဉ် ၃-မျိုးတွင် အနက် မျိုးသည် အကောင်းဆုံးဖြစ်ပေသည်။ထိုကျောက်ချဉ်နက်နှင့်မှားတတ်သော ကျောက်တစ်မျိုးရှိသေးသည်။၎င်းကားဗဟန်းချဉ်ဖြစ်သည်။ထိုဗဟန်းချဉ်နှင့် ကျောက်ချဉ်နက်မျိုးတို့သည် အမှတ်တမဲ့ ခွဲခြားရန် ခက်ခဲတတ်၏။
သေချာစေ့စပ်စွာ လေ့လာဖူးသူမှသာ ဤကားကျောက်ချဉ်နက်၊ ဤကား ဗဟန်းချဉ်ဟု မှန်ကန်စွာ ခွဲခြားနိုင်ပေလိမ့် မည်။
ကျောက်ချဉ်နက်သည် ကန့်ချုပ်အနက်ကဲ့သို့ပင်လျှင် သိုက်ဝင်နတ်စောင့်သောပစ္စည်းဟု ရှေးအစဉ်အလာ၌ ဆိုခဲ့ကြသည်။

ထို့ကြောင့် ကျောက်ချဉ်နက် ကို အသုံးပြုရာတွင် ကျစ်လျစ်သိပ်သည်းမည်းနက်ချဉ်ဖန်သော ကျောက် ချဉ်နက်ဖြစ်ရန်လိုပြီး၊ ပွရွလျက်မည်းခြောက်သောအဆင်းနှင့် ချဉ်ဖန်သောဗဟန်းချဉ်မဖြစ်ရန်လွန်စွာအရေးကြီးပေသည်။
ကျောက်ချဉ်နှင့် ကျောက်ချဉ်တု – ယခုကာလတွင် ဆိုခဲ့သော ကျောက်ချဉ်တို့ကို ရရှိရန် ခဲယဉ်း၍လာသော ကြောင့် များသောအားဖြင့် အတုအစားပြုလုပ်ထားသော ကျောက်ချဉ်ကို သာအသုံးပြုနေကြလေသည်။ထိုသို့အတုပြုလုပ်ထားသော ကျောက်ချဉ် သည်ပင်လျှင်သရက်သီးရေစိမ်စသည်တွင် ထည့်သွင်းသည်ရှိသော် ထိုသ ရက်သီးသည်ထားလိုသောအချိန်အတိုင်းအတာတစ်ခုအထိ ပကတိလတ် ဆတ်နေသည်ကို တွေ့ရလေသည်။
သွေးဝမ်း၊ သွေးဒူလာ၊ လိပ်ခေါင်းသွေးပါ၊ သွားမှ သွေးထွက်သော ရောဂါတို့တွင် ထိုကျောက်ချဉ်သည် အစားထိုး၍မရ လောက်အောင်ပင် တန်ဖိုးရှိလှပေသည်။
ထိုအတုအစား ပြုလုပ်ထားသော ကျောက်ချဉ်သည်ပင်လျှင် ထိုသို့ထက်မြက်သောအကျိုးတို့ကို ရရှိကြစေသည်ဟုဆို သောအခါ သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိရသော ကျောက်ချဉ်နက်သည် မည်မျှထိ တန်ဖိုးရှိအကျိုးများမည်ကို ခန့်မှန်းနိုင်လောက်ပေသည်။

Credit – Dr. အောင်နိုင်(ဆေးသုတေသန)

Leave a Comment

Your email address will not be published.

//moksoxos.com/4/5314809