KyoutKatMyatSi

ကျောက်ကပ်၊ မျက်စိ နှင့် အစာအိမ် အတွက် သီးသီးအစွမ်း

ကျောက်ကပ်၊ မျက်စိ နှင့် အစာအိမ် အတွက် သီးသီးအစွမ်း

အညာဒေသ မှာတော့သီးသီး အရမ်းပေါ၏ စားသာစားနေတာ ဆေးစွမ်း ဒီလောက်ထက်မှန်းခုမှ သိရတယ်ဗျာ Wood apple လို့ခေါ်တဲ့ သီးသီး၏ ကျန်းမာရေး

အကျိုးကျေးဇူးများ

သီးသီးမှာ လုံးဝိုင်းပြီး သစ်သားရောင် သန်းနေပါတယ်။ သီးသီးက မာကျော်ပြီး အပြင်အရောင်မှိုင်းကာ အတွင်းမှာ ညိုရောင်သန်းနေတဲ့ အနှစ်ရှိပါတယ်။ သီးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူး အများအပြားရှိတာကြောင့် တန်ဖိုး အရှိဆုံး ဆေးဖက်ဝင် အပင် အမျိုးအစား တစ်မျိုးအဖြစ် အိန္ဒိယမှာ အသုံးများကြ ပါတယ်။ သီးသီးမှာ အောက်ဇဲလ်လစ်၊ မဲလ် လစ်၊ ဆစ်ထရစ်နဲ့ တန်းနစ်အက်စစ်တို့ များစွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကာရိုတင်း၊ သိုင် ယာမင်း၊ ရိုင်ဘိုဖလေဗင်နဲ့ နိုင်ယာစင် စတဲ့ ဗီတာမင်နဲ့ သတåုဓာတ်တွေလည်း အများအပြား ပါဝင်နေပါတယ်။

သီးသီး မှာ ပါဝင်တဲ့ ဗီတာမင်ပမာဏဟာ ဆေး ဖက်ဝင်အစာအဖြစ် အိန္ဒိယမှာ အသုံးများ ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာများကို သက်သာစေခြင်း။ သီးသီးမှာ တန်နင်ဓာတ် ပါဝင်တာ ကြောင့် နာတာရှည် ဝမ်းပျက်ဝမ်းလျှော ရောဂါလို အစာခြေစနစ်ဝေဒနာတွေကို သက်သာစေပါတယ်။ သီးသီးအနှစ်ကို ပျားရည်နဲ့ ရောစားတာကြောင့် အစာမ ကြေတာကို သက်သာစေပါတယ်။ အစာအိမ်အနာကို သက်သာစေခြင်း။ သီးသီးအပင်ရဲ့ အရွက်ဟာ အစာ အိမ်အနာ (Peptic Ulcer) ကို သက်သာစေနိုင်ပါတယ်။

သီးသီးအရွက်ကို တစ် ညလုံး ရေထဲ စိမ်ထားပြီး နံနက်ခင်းမှာ ရေကို စစ်ကာ အရွက်ကို စားပေးရမှာ ဖြစ်ပါတယ်။ သီးသီးအနှစ်သားကိုစား တာကြောင့် အစာအိမ်အနာကို အနာ ကျက်စေပြီး နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။ အပှုဒဏ် ခံရသော ဝေဒနာများကို သက်သာစေပါတယ်။ သီးသီးဟာ အပူဒဏ်ကြောင့် ဖြစ် တဲ့ ဝေဒနာကိုလည်း သက်သာစေတယ် လို့ အိန္ဒိယမှာ နာမည်ကြီးပါတယ်။
သီး သီးဖျော်ရည်ထဲကို သံပရာရည်လေးစက် ခန့်ထည့်ကာ အပူဒဏ်ခံရသူလူနာအား သုံးရက်ဆက်တိုက် တိုက်ကျွေးလေ့ရှိပါ တယ်။ အသက်ရှု လမ်းကြောင်း ဝေဒနာများကို သက်သာစေခြင်း။

သီးသီးအရွက်ဟာ အအေးမိဝေဒ နာနဲ့ တခြားအသက်ရှူ လမ်းကြောင်း ဝေ ဒနာကို ရှောင်လွှဲနိုင်စေရုံသာမက မကြာ ခဏပြန်ဖြစ်တတ်တဲ့ အအေးမိဝေဒနာကိုလည်း သက်သာစေပါတယ်။ သီးသီးကို စားပေးတာက လည်ချောင်းနာတာနဲ့ နာ တာရှည် ချောင်းဆိုးဝေဒနာကို သက်သာ စေပါတယ်။ ကျောက်ကပ် ကျန်းမာရေးကို ကောင်းမွန်စေခြင်း။ သီးသီးကို ပုံမှန်စားပေးတာကြောင့် ကျောက်ကပ်ဝေဒနာတွေကို သက်သာ စေပါတယ်။ ပုံမှန်စားပေးရင် ဆီးကျောက် တည်တာကို သက်သာစေပါတယ်။ တစ် နေ့ သီးသီး အနှစ်သား ၁ဝဝ ဂရမ်နဲ့အ ထက် စားရင် ကျောက်ကပ် ဝေဒနာရှိသူ တွေကို သက်သာစေတယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။ မျက်စိ ကျန်းမာရေး စောင့်ရှောက်မှု။ သီးသီးမှာ ကယ်ရိုတင်းပါဝင်တာ ကြောင့် မျက်စိကျန်းမာရေးအတွက် အ ကျိုးရှိပါတယ်။

ကယ်ရိုတင်းဟာ မျက်စိ ကို ကျန်းမာအောင် ပံ့ပိုးပေးနိုင်တာ ကြောင့် သီးသီးကို ပုံမှန်စားပေးတာက မျက်စိအမြင်အာရုံ ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ တချို့ မျက်စိဝေဒနာရှိ သူတွေကို သီးသီးပုံမှန် စားဖို့ မျက်စိဆရာ ဝန်တချို့က အကြံပြုလေ့ ရှိပါတယ်။

Credit Good Health

Leave a Comment

Your email address will not be published. Required fields are marked *