YaeWarPin

ကျောက်ကပ်အသက်ကယ်ဆေး ရေဝါးပင်

ကျောက်ကပ်အသက်ကယ်ဆေး ရေဝါးပင်

အရွက်နောက်ကျောက ခရမ်းရောင် ဖြစ်ပါတယ်။ မြေပေါ်မှာ ကပ်သွားပင်မျိုးဖြစ်လို့ အဆစ်တိုင်းမှာ အမြစ်ထွက်ပါတယ်။

ကျောက်ကပ်ဝေဒနာကို ကုသပုံ-

ရေဝါးပင် တပင်လုံး ၁၅ ကျပ်သားကို မြေအိုးနဲ့ ရေသုံးခွက်တစ်ခွက် တင်အောင် ကြိုပြီးသောက်ရပါမယ်။ တစ်ရက်စာပါ။

ဒုတိယနေ့လဲ ဒီလိုဘဲ ကြိုသောက်ပါ။ အရောင်စလျော့လာပါမယ်။ ထမင်းစားလာပါမယ်။တတိယနေ့ ကြိုသောက်ပြီးတာနဲ့ သက်သာလာတော့တာပါဘဲ။ တစ်ဦးနဲ့ တစ်ဦး မတူတာလဲ ရှိပါတယ်။ တစ်ပတ်လောက် သောက်ပြီးတာနဲ့ လူကောင်းနီးပါးဖြစ်လာပါတယ်။နောက်တစ်ပတ်လောက် ဆက်သောက်ပြီး ဆေးပြန်စစ်ကြည့်ပါ။ ထူးခြားမှု တွေ့ရမှာပါ။

ဆေးကျိုသောက်တာကလဲ ရောဂါ သက်သာမှု ကိုကြည့်ပြီး ချဲသောက်ပါ။ ဆိုလိုတာက -၃၀ကျပ်သား နှစ်ရက်အစား သုံးရက်သောက်ပါ။ လူနာ တစ်ယောက်အတွက် ရေဝါးပင် ၂ ပိသာကနေ ၄ပိသာအထိ ကုန်ပါတယ်။ ၁/၂ ကြိမ် သောက်ရုံနဲ့ အဆင်မပြေပါဘူး။ ဆေးပင်ကို ကြိုတဲ့အခါ သာမန်မတ်ခွက်အသေးနဲ့ တောင် တနာရီခွဲလောက်ကြာလို့ မီးသွေး မီးဖိုမှ အဆင်ပြေပါတယ်။ ရေဝါးပင်ကို ထောင်းပြီးရသောအရည်ဟာ အဆိပ်ပြေလို့ အဆိပ်မိတဲ့ ခွေးတို့ ကြောင်တို့ကိုတိုက်ပါ။ မိနစ်ပိုင်းအတွင်းပျောက်တယ်။အပူလောင်ရင်လဲ အရည်လိမ်း။ ကင်း/ပျား အကိုက်ခံရလဲ အရည်လိမ်းပါ။ ခဏလေးနဲ့ ပျောက်ပါတယ်။ လက်တွေ့ပါ။

Credit: မူရင်းရေးသားသူ

Leave a Comment

Your email address will not be published. Required fields are marked *