ကျောက်ကပ်သန့်ရှင်းရေးအတွက်ဖရဲသီး
နေ့လယ်၁၂နာရီနောက်ပိုင်းအစာမစားတော့ဘူးညနေစာစားချိန်ရောက်မှဖရဲသီးအဝစားလိုက်တယ်ကျောက်ကပ်သန့်ရှင်းရေး လုပ်တာလေကျောက်ကပ်ကိုအဲလိုဆေးပေးရတယ် မြန်မာပြည်ကဖရဲသီးတွေတရုတ်ပြည်ကိုသွားနေတာသတိထားမိလားတရုတ်တွေအစားကြူးတော့ ကျောက်ကပ်ရောဂါအဖြစ်များတယ်။
ဒါပေမဲ့တရုတ်တွေကဖရဲသီးနဲ့ကျောက်ကပ်ကိုဆေးကြတယ် ဖရဲသီးကကျောက်ကပ်သာမကဝမ်းတွင်းကလီစာတွေအားလုံးကိုလည်းဆေးပေးပါတယ်။ ဖရဲသီးဟာမချိုဘူးလားလို့အချိုရှောင်သူတွေမေးကြလိမ့်မယ်။ အချိုလုံးဝမစားတာဟာအစွန်းရောက်နေတယ်။ခန္ဓါကိုယ်ကအချိုဓါတ်လိုအပ်တယ်။အထူးသဖြင့်ပူပြင်းရာသီမှာအချိုဖြတ်ရင်မူးတောင်လဲတတ်တယ်။မြန်မာ့ဆေးပညာမှာအပူကိုငြိမ်းစေတာအချိုလို့သတ်မှတ်ထားတယ်။
နှလုံးသွေးပွက်ပွက်ဆူရင်အချိုရည်အေးပေးလေးတိုက်ရတယ်။ဒါကြောင့်သင့်တင့်တဲ့အချိုစားဖို့မကြောက်ပါနဲ့။ အခုလိုရာသီမှာဖရဲသီးစားဖို့အကောင်းဆုံးပဲဖရဲသီးစားပြီးကျောက်ကပ်ကိုသန့်ရှင်းကြပါ
ချစ်ခင်လေးစားလျှက်
Credit