ကျောက်ကပ်မှာ ကျောက်တည်သူများအတွက် ဆေးနည်း
အခုပုံမှာ မြင်နေရတဲ့ ဆေးပင်ကို အင်္ဂလိပ်လို Amaranth လို့ခေါ်ပြီး နေရာ၊ ဒေသကွဲပြားသွားတာနဲ့ အပင်ရဲ့ပုံစုံနဲ့ အရွက်များကလည်း အနည်းငယ်စီ ကွဲပြားကြတဲ့အတွက် Red Amaranth, Green Amaranth စသဖြင့် ခေါ်ကြပါတယ်။ တကယ်တော့ ဟင်းနုနွယ် အမျိုးအနွယ်ထဲကပါပဲ။ အရွက်က ချောမွတ်မနေပဲ ဆူးပေါက်ကလေးတွေ ပါနေလို့ ဟင်းနုနွယ်ဆူးပေါက်၊ ဟင်းနုနွယ်အရိုင်းပင် စသဖြင့် ခေါ်ကြပါတယ်။ တစ်ချို့နိုင်ငံမှာ ဆေးဖော်ကြတယ်။ တစ်ချို့ဒေသမှာ အညွန့်လေးတွေကို ဟင်းချက်စားပါတယ်။ တစ်ချို့ဒေသမှာ ၀က်စာအဖြစ် ချက်ကြွေးကြပါတယ်။ စိုက်စရာမလိုပဲ သဘာ၀အတိုင်း အလိုအလျှောက် ပေါက်နေကြပါတယ်။
ကျောက်ကပ်အတွက် ဆေးနည်း
(၁) ဟင်းနုနွယ်အရိုင်းပင်ကို တစ်ပင်လုံး ရေစင်အောင် ဆေးကြောပြီး ခုတ်ထစ်ကို တစ်အိုးရအောင် ပြုတ်ပါ။
(၂) ရေအချိန်အဆကိုတော့ အပင်အကြီးအသေးပေါ်မူတည်ပြီး ထည့်ပါ။
(၃) ၄င်းပြုတ်ရည်ကို သောက်နိုင်ရုံ ဒိုဘာလာသကြားခဲ ထည့်၍ မနက်၊ နေ့၊ ည လက်ဖက်ရည်ပန်းကန်လုံးခန့် တစ်နေ့ ၃ ခွက် သောက်ပါ။
ကျောက်သေးလျှင် ၃၊ ၄ ရက်အတွင်း ကြေသွားစေနိုင်ပါတယ်။ ကြီးလျှင် တစ်ပတ်ခန့် သောက်ပေးလျှင် ပျောက်ကင်းစေပါတယ်။ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျင် စတဲ့ ဆီးရောဂါအမျိုးမျိုးအတွက်လည်း ကောင်းစေပါတယ်။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား – အစွမ်းထက် သဘာဝဆေးနည်းများ
Credit-စောနွဲ့နေဆိုင် – ပူတာအို
မောင်သုတ(NMN)