ကျောက်ကပ်ဆေးကြောရန် သဘာဝဆေးနည်း

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှကတော့ာ ကျောက်ကပ်ဆေးကြောရန် သဘာဝဆေးနည်း အကြောင်းကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်  ။

ကျောက်ကပ်ကိုဆေးကြောပေးရန်လိုအပ်ပါတယ်

ကျာက်ကပ်ဟာ အရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ် ။နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့ အစာတွေထဲက အဆိပ်အတောက်တွေကိုသန့်စင်ဖယ်ရှားပေးနေရတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ် ။ဒါကြောင့် အလုပ်တော်တော်များများ လုပ်ရပါတယ် ။

အခုခေတ်မှာ လူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ် ။ရေဆာသလိုရှိတော့မှသာ ရေနဲနဲလောက်သောက်ကြလေ့ရှိပါတယ် ။တစ်ချို့ လူတွေဆိုရင်ရေမသောက်ဘဲ လက်ဖက်ရည်၊ကော်ဖီလောက်ပဲသောက်ကြပါတယ် ။အချိုရည်၊အအေးပုလင်းတွေသောက်ကြသူတွေလည်းများပါတယ် ။

အဲဒီ့အပြင်ယနေ့ခေတ်မှာ စားရသောက်ရတာတွေကလည်း ဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့ အစားအသောက်တွေပဲဖြစ်နေပါတယ် ။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာ စီးပွားဖြစ်အထွက်တိုးဖို့ ဓာတုဆေးတွေကို အလွန်အကျွံသုံးစွဲကြတော့ လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ် ။

စားရတာတွေက အဆိပ်တွေ၊ရေသောက်တာကလည်း သိပ်နည်းကြတယ်ဆိုတော့ ကျောက်ကပ်ကအလွန်ပျစ်ချွဲနေတဲ့အဆိပ်အတောက်တွေကို နေ့စဉ်ဆေးကြောပေးနေရပါတယ် ။ကျောက်ကပ်ဆိုတာက သံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူ း၊အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ ။

နေ့စဉ်နေ့တိုင်း အဆိပ်ပြင်းတွေကို  ဆေးကြောပေးနေရတဲ့ ကျောက်ကပ်ဟာကြာလာတော့ ဂျီးညှော်တွေကပ်ညိလာပါတယ် ။အဲဒီကနေကျောက်တွေဖြစ်လာပါတယ် ။ကျောက်တည်တဲ့အခြေနေမျိုးကို ရောက်လာပါတယ် ။နောက်ဆုံးမှာ  ကျောက်ကပ်ကအလုပ်မလုပ်နိုင်တော့ပဲ ပျက်စီးသွားတဲ့အထိဖြစ်သွားတတ်ပါတယ် ။

အဲဒီလိုအခြေအနေမျိုး အထိမဖြစ်ရအောင် ကျောက်ကပ်ကိုမကြာခဏဆေးကြောပေးဖို့လိုပါတယ် ။ရိုးရိုးလေးပါပဲ ၊ မခက်ပါဘူး ၊ကျောက်ဖယုံသီးကိုပဲ အသုံးပြုပြီးဲ ကျောက်ကပ်ကိုဆေးမှာဖြစ်ပါတယ် ။ဈေးကနေကြက်လည်ချောင်းရိုးအနည်းငယ် ဝယ်လာပြီးပြုတ်ပါ ။အရသာထည့်ပါ ။ကျောက်ဖယုံသီး(၂ )စိပ်လောက်ကိုတုံးပြီးထည့်ပါ ။ကျက်ပြီဆိုရင် တရုတ်နံနံကို ထည့်ခတ်လိုက်ပါ ။ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ ။ပန်းကန်ထဲထည့်ပြီးရင် သံပရာသီးတစ်လုံးညှစ်ထည့်ပြီး သောက်ပါ ။ တစ်ပန်းကန်လုံးကုန်အောင် သောက်ပစ်လိုက်ပါ  ။

အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကို မကြာခဏသောက်ပေးခြင်းအားဖြင့်  ကျောက်ကပ်ကကျောက်တွေသာမက ခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့  ကျောက်တွေလည်းရှင်းလင်းသွားပါလိမ့်မယ် ။ဝမ်းဗိုက်မှာပိုနေတဲ့ အဆီတွေလည်းကျသွားပါလိမ့်မယ် ။ဒါဟာရှေးကတည်းက အရှေ့တိုင်းသားတို့သုံးခဲ့တဲ့ အစာလည်းဆေး ၊ဆေးလည်းအစာဖြစ်တဲ့နည်းကောင်း လေးတစ်ခုဖြစ်ပါတယ် ။

ယခုပြောပြတဲ့ ကျောက်ကပ်ဆေးကြောရန် သဘာဝဆေးနည်း့အကြောင်းကလည်း  စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ ။ စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာ မဟုတ်ပါဘူး ။

ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီးမင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။

ထို့ကြောင့် ကျွန်တော်၊ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ ပြန်လည်မျှဝေပေးကြပါနော် ။ ယခုလို အချိန်ပေး ဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ ဆက်လက်တင်ပြပေးဖို့အတွက် ကြိုးစားပါအုန်းမည် ။

Leave a Comment

Your email address will not be published. Required fields are marked *