ကျောက်ကပ်ကြောင့် ဆီးသွားရခက်နေသူများ၊ ဆီးမထွက်သူများကို သက်သာပျောက်ကင်းစေတဲ့ ဆေးနည်း
ဆေးပင်ကမခက်ပါဘူး။ အနီးနားမှာအလွယ်တကူရှာလို့ရနိုင်တဲ့ ပိန်းရိုင်းပင်ပါပဲ။ ပိန်းရိုင်းပင်မှာ ရိုးတံအစိမ်းနဲ့ ရိုးတံအနက်ဆိုပြီးနှစ်မျိုးရှိပါတယ်။ဆေးအတွက်ရိုးတံအနက်ကိုပဲ ယူရမှာပါ။
အဲဒီပိန်းရိုင်းပင်ကိုသုံးပင်နှုတ်ရပါမယ်။ အမြစ်ပါ ပါရပါမယ်။
ပဉ္စငါးပါးလုံးကို သုံးခွက်တစ်ခွက်တင်ကြိုပြီး ဝေဒနာရှင်ကိုရေဆာတိုင်းတိုက်ရပါမယ်။
အဲဒီလိုတိုက်တာနဲ့ ညဖက်မှာ ဆီးစသွားပါလိမ့်မယ်။ တစ်ပါတ်အတွင်းမှာအဖေါကျလာပါလိမ့်မယ်။ရောဂါအမြစ်ပြတ်သည်အထိ တစ်လခန့်နေ့စဉ်တိုက်ပေးရပါမယ်။ လူကောင်းပကတိဖြစ်သွားရင် ဆက်တိုက်စရာမလိုတော့ပါဘူး။ပိန်းရိုင်းကိုပြုတ်ထားတဲ့အရည်ဟာ လုံးဝမယားပါဘူး။
တစ်ချို့ဒေသတွေမှာ ဟင်းချက်စားလေ့ရှိကြပါတယ်။ဒီဆေးနည်းကို၂၀၁၂ခုနှစ်က ကော့ကရိတ် အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းငွေပြောပြခဲ့တဲ့နည်းပါ။
သူ့ဖခင်ကျောက်ကပ်မကောင်းလို့ဖေါယောင်ပြီးသေလူသတ်မှတ်ထားတဲ့အခြေအနေမှာ လူနာသတင်းလာမေးတဲ့

အသိမိတ်ဆွေကရင်မကြီးက”ငါတို့ရွာမှာဒီရောဂါဖြစ်ရင်ရိုးတံအနက်နဲ့ပိန်းရိုင်းပင်ကိုပြုတ်တိုက်တာပဲ။
နင့်အဖေမသေစေရဘူးအာမခံတယ်”လို့ပြောတာနဲ့ ငွေလည်းမကုန်တဲ့ဒီဆေးပင်ကိုနေရာအနှံ့မှာအလွယ်တကူတွေ့နိုင်လို့ တစ်နေ့ကိုသုံးပင်နှုန်းနဲ့ပြုတ်တိုက်ခဲ့တာပါ။
အခုတော့ အသက်ရှစ်ဆယ်ကျော်သူ့ဖခင်ဟာမြဝတီမှာ
သားတစ်ယောက်နဲ့ ကျန်းမာပျော်ရွှင်စွာနေထိုင်လျက်ရှိပါနယ်။
ဆေးနည်းတိုတွေများစွာရှိပါတယ်။ဝေဒနာရှင်များမိမိအဆင်ပြေရာနည်းနဲ့ရောဂါပျောက်ကင်း ကျန်းမာကြပါစေ။
credit – မူရင်း