KoteKoePin

ကျန်းမာရေးအတွက် လွန်စွာအထောက်အကူဖြစ်စေတဲ့ အိမ်တိုင်း အိမ်တိုင်း အမြဲဆောင်ထားသင့်သော ကုက္ကိုဆီ

ကျန်းမာရေးအတွက် လွန်စွာအထောက်အကူဖြစ်စေတဲ့ အိမ်တိုင်း အိမ်တိုင်း အမြဲဆောင်ထားသင့်သော ကုက္ကိုဆီ

ကုက္ကိုသည် သဘောင်္ကုက္ကို ခေါ် ကုလားကုက္ကို နှင့် “အညာ ကုက္ကို ခေါ် မြန်မာကုက္ကို ´´ ဟူ၍ (၂) မျိုးရှိရာ “အညာကုက္ကိုပင် ” ၏ အသုံးဝင်ပုံများကို မျှဝေပေးပါမည်။

ကုက္ကိုဆီ ပြုလုပ်ပုံ အဆင့် (၄)ဆင့်
၁။ အညာကုက္ကိုပင်၏ အသီး(အစေ့)၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် ဤပ ဉ္စငါးပါးအား တစ်မျိုးလျှင် (၂၀)ကျပ်သားဆီ ယူ၍ ရေ (၂၀) လီတာ ဖြည်ပြီး ၂၄နာရီ (၁ရက်)စိမ်ထားပါ။
၂။ အချိန်စေ့သော် ဤ ပ ဉ္စငါးပါး အားလုံးရော၍ ထောင်းပါ။
၃။ ၎င်းကို (ကလိုင်)သုတ်ထားသော အိုးမှာ ထည့်၍ မီးညင်းညင်းဖြင့်ချက်ပါ။
၄။ သုံး ပုံ တစ်ပုံ ကျန်သောအခါ ဖိုခွင်မှ ချ၍ လက်ဖြင့် နယ်ပြီး အရည်ကို စစ်ပါ။ ၎င်းအရည်ကိုမုန်ညင်းဆီ ထည့်၍ ချက်ပါ။ (မုန်ညင်းဆီ=၂၀ကျပ်သား) နှမ်းဆီ၊ ထောပတ်ဆီနှင့်လည်း ချက်နိုင်သည်။ ၅။ ရေအားလုံး ခန်းပြီး ဆီသာကျန်သောအခါ ဖိုမှ ချ၍ အအေးခံပါ။ အေးမှ ပုလင်းထဲတွင် ထည့်ထားပါ။
လေလုံအောင်ထားပါ။ ဤဆီကို ကုက္ကိုပ ဉ္စငါးပါးဆီ ဟုခေါ်ရပါမည်။ ဤဆီသည် အိမ်တိုင်းအိမ်တိုင်း အမြဲ ဆောင်ထားသင့်သော ကျန်းမာရေးအတွက် လွန်စွာတန်ဖိုးရှိပါတယ်။ ကြော်၊ ချက်၊ ဆမ်း၊ နယ်၊ စားခြင်းကို တစ်လ တစ်ကြိမ် ပြုလုပ်သွားလျှင် လေနှင့် ပတ်သတ်သော ရောဂါများ လုံးဝ မဖြစ်ပွားနိုင်။ မကပ်ရောက်နိုင်ပါ။

နားကိုက်ခြင်းအတွက်ဆေးနည်း – နားကိုက်လျှင် ၎င်းဆီကို ကြက်သီးနွေးဖြစ်အောင် ဇွန်တွင်ထည့် မီးပူပေး တစ်စက် နှစ်စက် နားမှာထည့် ချက်ချင်းပျောက်၏။ -သွားကိုက်လျှင် ၄င် ဆီ ကို ငုံပေးပါ။ သွားတိုက်ပါ ။ ချက်ချင်းသပ်ပျောက်၏။ -ခါးနာ၊ ဒူးနာ ၊ လေငန်းရောဂါ၊ လေဖြန်း ရောဂါ များအတွက် ၎င်းဆီကို လိမ်းပေးခြင်းဖြင့် သပ်သာ ပျောက်ကင်း၏။-ပါးရွဲ့၊ ပါးစပ်ရွဲ့၊ မျက်နှာ စောင်းရွဲ့ ၊ ကိုယ်တစ်ခြမ်းသေ၊ လေဖြတ် နေသူများအား ၎င်းဆီဖြင့် လိမ်းပြီး နာနာ ပွတ်ပေးပါ။ စောင်းရွဲ့ နေသောဘက်မှ မစောင်းရွဲ့သောဘက်သို့ ဆွဲဆွဲ ပေးရမည်။ ဆေးလိမ်းပြီးနောက် လေလုံရာ နေပါ ။ လုံးဝ ပျောက်ကင်းပါသည်။ဤဆေးကို မှီဝဲပါက သွေးသား မစင်ကြယ်မှုကြောင့် ဖြစ်သော ယားနာ၊ အဖု၊ အပိမ့်ထွက်ခြင်း၊အကွက်ထွက်ခြင်း စသော ရောဂါများ လုံးဝ မဖြစ်ပါ။
ကုက္ကိုသည် သွေးသား အလွန်စင်ကြယ်သောကြောင့် ဖြစ်ပါတယ်။
လိပ်ခေါင်းအတွက်ဆေးနည်း – လိပ်ခေါင်းမှ သွေးနီကျလျှင် ကုက္ကိုအစေ့ ညက်စွာ အမှုန့်ပြု (၂ရွေးသား)ခန့် နေ့/ည ၂ကြိမ် ရေနှင့်သောက်ပါ။ ၃ရက် မြောက်သော် သွေးပိတ်သွားလိမ့်မည်။ (မှတ်ချက် ။ ။ သွေးနက် သွေးမည်း ကျလျှင် မသောက်ရ)။လိပ်ခေါင်းကို ဆေးကြောပြီးလျှင် ကုက္ကိုဆီနှင့် နှမ်းဆီဆတူရော သေချာနယ်ပေးပါ။ တဖြည်းဖြည်း ငြိုးလာပြီး ခြောက်၍ ပျောက်ကင်းပါလိမ့်မယ်။
ကုက္ကို ဉ္စငါးပါး အဆီ၏ အသုံးဝင်ပုံက ကျယ်ပြန့်လှပါတယ်။

ထို့ကြောင့် အိမ်တိုင်းအိမ်တိုင်း အမြဲ ဆောင်ထားသင့်တဲ့ ဆီဖြစ်ပါတယ်။

Credit- ဆရာဦးရွှေသုဝဏ်

Leave a Comment

Your email address will not be published. Required fields are marked *