ကုသဖို့ ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေတဲ့မြန်မာဆေးနည်း
ဒီတစ်ခါမှာတော့ ကုသဖို့ ခက်ခဲသူများအတွက် အဖုအကျိတ် ပျောက်စေတဲ့နည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။အဖု အကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန် ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီးတို နည်းလေးအား လွပ်လပ်စွာပြန်လည်မျှဝေလို့လည်းရပါတယ်။
ဒီဆေးနည်းကိုတော့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားကိုသုံးကြမှထုတ်နုတ်ဖေါ်ပြပါသည်။
ပါဝင်ပစ္စည်းများ – (၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) ။ (၃) ပျားရည်စစ်။
ထိုသုံးမျိုးကို အဖု အကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ။
လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။ အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ ။တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည် ။ အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည်။
အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။
မူရင်းရေးသားသူကို လေးစားစွာဖြင့် credit ပေးပါတယ်။