ကန်းစွန်ရွက်နီနဲ့ ကုသလို့ရတဲ့ ရောဂါ(၅)မျိုး
ကန်စွန်းရွက်နီရဲ့အရေဟာ အဆိပ်ကိုလည်းပြေစေပြီး မီးလောင်နာတွေနဲ့ဆီးရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။
၁။ ငန်းမန်းရှိရင် – ဗူးရွက်နဲ့ကန်စွန်းနီရွက်ကိုရေစိမ်ပါ။
ရောစပ်ကြိတ်ပြီး အရည်ကို အနာမှာဆွတ်လိမ်းပေးလိုက်မယ်ဆိုရင် အနာမန်းသိသိသာသာကျပါတယ်။
၂။ ဆီးရောဂါရှိတဲ့လူတွေအတွက် ကျိုသောက်လို့ရပါတယ်။
ကန်စွန်းနီရွက်ကိုထန်းလျက်၊မန်ကျည်းမည့်နဲ့ ဆားထည့်ပြီး ကျိုသောက်ရမှာဖြစ်ပါတယ်။ ဆီးကျောက်တည်တဲ့လူတွေအတွက် အထူးကောင်းမွန်ပါတယ်။
၃။ ကန်စွန်းနီရွက်သက်သက်ကိုပဲ ပြုတ်သောက်တယ်ဆိုရင် ရင်ပြည့်ဝမ်းကျရောဂါပျောက်ပါတယ်။
၄။ ဆီးမသွားတဲ့လူတွေအတွက် ဗူးရွက်နဲ့ကန်စွန်းနီရွက်ကို ဆတူရောပြီးကျိတ်ပါ။ ရလာတဲ့အရည်ကို ဆန်မှုန့်ညက်နဲ့ဖျော်ပြီး ဆီးခုံပေါ်တင်ထားပေးလိုက်ပါ။၁၅ မိနစ်အတွင်းဆီးသွားပါတယ်။ ဓမ္မတာလွန်တဲ့လူတွေလည်း ဒီနည်းအတိုင်းလုပ်လို့ရပါတယ်။
၅။ အရွက်သက်သက်ကိုပဲ ဟင်းချက်စားမယ်ဆိုရင်တော့ သွေးဝမ်းရောဂါပျောက်ပါတယ်။
credit – မူရင်း