Pae-Saung-Lyar-Thi

ကျန်းမာရေးအတွက် တစ်ပင်လုံးအသုံးဝင်တဲ့ ပဲစောင်းလျားသီး

ပဲစောင်းလျားသီးကျန်းမာရေးအစွမ်း

ပဲစောင်းလျားသီးကို ပူပြီးစွတ်စိုတဲ့ နေရာတွေမှာ အတွေ့များပါတယ် နွယ်ပင်အနေနဲ့ ပေါက်ရောက်တဲ့ ပဲစောင်းလျားပင်က ပျှမ်းမျှအားဖြင့် ၃ , ၄ မီတာ လောက်မြင့်ပါတယ်။
ပဲစောင်းလျားပင်ရဲ့ အမြစ်က အာလူးနဲ့ဆင်တူပြီး အာလူးထက် ပရိုတင်းဓာတ် ပါဝင်မူ ပိုများပါတယ်။
အမြစ်ထဲမှာ အသား ဓာတ် ပရိုတင်း ၂၀% ပါတယ်။ ပဲစောင်းလျားသီးအမြစ် ဖြစ်တဲ့ ပဲမြစ်မှာ ပရိုတင်းဓာတ်များစွာပါသလို အရွက် အပွင့်များမှာလည်း အသား ဓာတ်ပါဝင်ပါ
တယ်။ တပင်လုံး ဆေးဖက်ဝင်ပါတယ်။ မူးဝေခြင်းကို သက်သာစေတယ်။ မလေးရှားနိုင်ငံမှာ ရေကျောက် ကုသရာ၌၎င်း အသုံးပြုပါတယ်။
ဗီတာမင်နဲ့သတ္ထုဓာတ်ပါဝင်မူ ပဲစောင်းလျားသီးမှာ ဗီတာမင် အေ , ဗီတာမင်စီ , ကယ်လ်စီယမ် , သံဓာတ် , အခြားဗီတာမင်များစွာနဲ့ အင်ဇိုင်းတို့ပါဝင်ပါတယ်။

Pae-Saung-Lyar-Thi
Pae-Saung-Lyar-Thi


အရိုးကို ကျန်းမာစေခြင်း ကယ်လ်စီယမ် ပါဝင်မူ များတဲ့ အတွက် လူတွေရဲ့အရိုးကိုများစွာ အကျိုးပြုပါတယ်။ အရိုးအတွက် ကယ်လ်စီယမ် ဓာတ်ပေးပြီးကျန်းမာသန်စွမ်း ရောဂါတွေကို ကာကွယ်ပေးပါတယ်။
ပဲစောင်းလျားသီး ဝယ်သည့်အခါ လတ်ဆတ်ပြီး အစက်အပျောက်ကင်းတာကိုဝယ်ပါ။ မချက်ခင်ရေသေချာဆေးကြောပါ။ ပဲစောင်းလျားသီးရဲ့ အမြစ်ဖြစ်တဲ့ ပဲမြစ်နဲ့ ချောကလက် မတည့်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *