MaKyeeSae

ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း အစရှိသည့် ကင်းအဆိပ် အမျိုးမျိုးကိုနိုင်သည့် သဘာဝဆေးနည်း

ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း အစရှိသည့် ကင်းအဆိပ် အမျိုးမျိုးကိုနိုင်သည့် သဘာဝဆေးနည်း

ကင်းမြီးကောက်၊ ကင်းခြေများ၊ ကင်းမလက်မည်း စသည့် ကင်းအမျိုးမျိုးအကိုက်ခံရလျှင် အောက်ပါ သဘာဝဆေးနည်းဖြင့် ကင်းအဆိပ်ကို ကုသနိုင်ပါသည်။

၁။ ကြက်သွန်နီ (၃) လုံးကို မီးဖုတ်ပါ။
၂။ မီးဖုတ်၍ နွမ်းလာသော ကြက်သွန်နီကို ထောင်း၍ အရည်ညစ်ယူပါ။
၃။ ၎င်း ကြက်သွန် မီးဖုတ်အရည်ကို အကိုက်ခံရသည့် နေရာကို လိမ်းပေးပါ။
၄။ အဖတ်များကိုလည်း အနာပေါ်ကို အုံထားပြီး အဝတ်ဖြင့် စည်းထားပါ။
နာရီဝက်ကျော်လျှင် အဆိပ်များ တဖြေးဖြေး ပျယ်သွားပါလိမ့်မည်။

နောက်တစ်နည်း

၁။ မန်ကျည်းစေ့ကို သွေး၍ အရည်ကို အနာပေါ် လိမ်းပေးပါ။
၂။ သံလွင်ဆီကိုလည်း လိမ်းပေးနိုင်ပါသည်။

၎င်းဆေးနည်း (၂)မျိုးသည် ကင်းအမျိုးမျိုးတို့၏ အဆိပ်များကိုနိုင်သော သဘာဝဆေးနည်းများ ဖြစ်ပါသည်။
ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တို့နှင့် အလှမ်းဝေးသော နေရာတို့တွင် အရေးကြုံလာခဲ့သည်ရှိသော် တန်ဖိုးရှိလှသည့် လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ကြပါစေ။

ကိုးကား။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးနည်းများ

Credit : ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ

Leave a Comment

Your email address will not be published. Required fields are marked *